Wednesday, January 28, 2015

လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာနဆိုတာ

လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာနဆို တဲ့ ယုတ်မာတဲ့ စိတ်တွေ အရှိန်အဟုန် မြင့်တက်လာတဲ့အခါ ထိုစိတ်ညံ့တွေရဲ့ သောင်းကျန်းမှုများက ဆင်းရဲပင်ပန်းသော ခံစားမှုမျိုးစုံတို့ကို ကိုယ်တွင်းမှာဖြစ်စေလိမ့်မယ်။ အကယ်၍ ခန္တီ၊ ဂရုဏာ၊ မုဒိတာ၊ ပညာဆိုတဲ့ positive state ယဉ်ကျေးသော စိတ်စေတသိပ်တွေ အရှိန်အဟုန်မြင့်တက်လာတဲ့အခါမှာတော့ နှစ်သက်မြတ်နိုးဖွယ်ကောင်းတဲ့ ငြိမ်းချမ်းတဲ့ အရာတွေ ကိုယ်တွင်းစိမ့်ဝင်ပျံ့နှံ့နေတာကို တွေရမှာဖြစ်တယ်။
လူ့စိတ်ဟာ ဆန်းကြယ်ပါတယ်။ ခဏတိုင်း ခဏတိုင်းမှာ ချစ်ခြင်း၊ မုန်းခြင်း၊ သနားကြင်နာခြင်း (သို့မဟုတ်) ရက်စက်ကြမ်းကြုတ်ခြင်း၊ ဝမ်းမြောက်ခြင်း (သို့မဟုတ်)မနာလိုခြင်း၊ လိုက်လျောညီထွေရှိခြင်း (သို့မဟုတ်)ဆန့်ကျင်ဘက်ပြုခြင်း၊ နှစ်သက်ဖွယ်ကောင်းခြင်း (သို့မဟုတ်)စိတ်ပျက်ဖွယ်ကောင်းခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း (သို့မဟုတ်)သူတစ်ပါးအများအကျိုးစီးပွားလိုလားခြင်း အစရှိသည်တို့ကို ထုတ်လုပ်ဖန်တီးနေပါတယ်။

ဇန်နဝါရီလ ၈ ရက်၊ ကြာသပတေးနေ့၊ ကြေးမုံသတင်းစာ၊ စာမျက်နှာ ၁၀၊ သီတဂူဆရာတော်၏ မိန့်ခွန်းဖြစ်ပါတယ်။
မိတ်ဆွေများအတွက် မျှဝေခြင်းဖြစ်ပါတယ်။

YKKM

No comments: