Friday, June 30, 2017

ဝင်းဒိုး ကွန်ပြူတာ နဲ့ LAN (local area network),

အင်တာနက် ကို အသုံးပြု တဲ့ အခါ၊ connection ကျ တဲ့ အခါ မျိုးတွေ ရှိတတ်ပါတယ်၊ အဲဒီ အခါမှာ ဘယ်နေရာ ကြောင့် ဖြစ်လဲ ဆို တာကို ရှာဖွေ စစ်ဆေးရပါမယ်၊ အခု ဖေါ်ပြတဲ့ Windows Network Diagnostic Commands များ က တော့ network troubleshooting အတွက် အသုံး ဝင်ပါလိမ့်မယ်၊ အသိပေး လိုသည် မှာ diagnose လုပ်ရာတွင် ယခု ဖေါ်ပြသော Windows Network Diagnostic Commands များ သာ မက၊ networking အခြေခံ များ ဖြစ်သော IP address, subnet mask, default gateway, DHCP Server, DNS Servers ဆိုတာ တွေကို နားလည်ဖို့ လိုအပ်ပါတယ်၊ ဥပမာ။  ။ subnet mask ဆိုတာ ဘာလဲ? Default gateway ကို ဘယ် အတွက် အသုံးပြုတယ်၊  DHCP Server ဘယ်လို အလုပ် လုပ် လဲ? စ သဖြင့် နားလည် သဘော ပေါက် ရန် လိုအပ်ပါတယ်၊ networking အခြေခံ များ ကို သိ မှ သာ၊ network disgnostic commands များ ကို အသုံးပြု ၍ ဆက်စပ် စဉ်းစား နိုင်ပါလိမ့်မည်၊ ယခု ရေးသား ဖေါ်ပြ ချက် သည် သိနှင့် ပြီးသား သူ များ အတွက် မဟုတ်ပဲ၊ စတင် လေ့လာ မည့် သူများ အတွက် ဖြစ်ပါတယ်။

ipconfig ဆိုတဲ့ command က တော့ အသုံးပြုထား တဲ့ network interface တခု (သို့) တခု ထက် ပို တဲ့ network interface များ အတွက်  IP address, subnet mask  နဲ့ default gateway တို့ ကို ဖေါ်ပြပေးနိုင်တဲ့ အတွက် အသုံးဝင်ပါတယ်၊ ကွန်ပြူတာ တလုံးကနေ network, အင်တာနက် တို့ နဲ့ အဆက် အသွယ် ရ မရ diagnose လုပ်ရာ မှာ အရင်ဦးဆုံး စစ်ဆေး သင့် သည် က အဲဒီ ကွန်ပြူတာ အသုံးပြု နေတဲ့ network interface card သည် ရသင့်တဲ့ IP address, subnet mask  နဲ့ default gateway ရ မရကို စစ်ဆေးရပါမယ်၊ အကယ်၍ ရသင့်သော IP address, subnet mask  နဲ့ default gateway မရပါက၊ ဘာကြောင့် မရ သည် ကို ဆက်လက် စစ်ဆေး ရမည် ဖြစ်သည်။

IP address, subnet mask  နဲ့ default gateway စ သည့် အချက် အလက် များ အပြင် network interface ၏ အချက်အလက် များ အား လုံး ကို ပြည့်ပြည့် စုံစုံ သိချင်ပါက “ipconfig /all” ကို အသုံးပြု ၍ ရှာဖွေ နိုင်ပါတယ်၊ ထိုသို့ အသုံးပြုရှာဖွေပါက၊ IP address, subnet mask  နဲ့ default gateway တို့ အပြင် network interface card ၏ MAC address, DHCP Server, DNS Servers တို့ ၏ IP address များ ကိုပါ ဖေါ်ပြပေးမည် ဖြစ်ပေသည်။

“ipconfig /release” “ipconfig /renew” command သည် specific adapter ၏ အမည် ကို ထည့်သွင်း ဖေါ်ပြခြင်း မရှိ ပါက၊ ကွန်ပြူတာ တွင် ရှိသော network interface card အားလုံး ကို “release” လုပ်ပေးခြင်း၊ “renew” လုပ်ပေးခြင်း များ ပြုလုပ် ပေးမည် ဖြစ်သည်၊ “release” လုပ်ပေးခြင်း ဆိုသည် မှာ၊ ကွန်ပြူတာ ၏ network interface card နှင့် bind ဖြစ်နေသော IP address, subnet mask, default gateway, DHCP server, DNS servers များ ၏ အချက်အလက် များ ကို ဖယ်ရှားပစ် လိုက်ခြင်းဖြစ်ပေသည်၊ “renew” လုပ်ပေးခြင်း ဆိုသည် မှာ၊ ကွန်ပြူတာ ၏ network interface card နှင့် bind ဖြစ်နေသော IP address, subnet mask, default gateway, DHCP server, DNS servers များ ၏ အချက်အလက် များ ကို အသစ်တဖန် ရရှိစေ ခြင်းဖြစ်ပေသည်။

ipconfig command ၏ အသုံးပြုပုံ အသေး စိတ်ကို ကြည့်ရန် “ipconfig /?” ကို ရိုက်နှိပ်ရပါမည်။

“ipconfig /flushdns” ဆိုတဲ့ command လည်း ရှိပါသေးတယ်၊ အင်တာနက် အသုံးပြုကြတဲ့ အခါ၊ ဥပမာ။  ။ web server ကို ကြည့် တဲ့ အခါ၊ အဲဒီ web server ၏ “ipaddress” သည် DNS cache မှာ သိမ်းဆည်းထားရပါတယ်၊ DNS cache ကို update မပြုလုပ် ခင်၊ web server ၏ ipaddress ပြောင်းလည်း သွားပါက၊ မကြာသေး ခင် က မှ browse ပြုလုပ်နိုင်သော web server ကို browse လုပ်၍ မရ နိုင်သော အခြေအနေ ကို ကြုံတွေ့ ရနိုင်ပါတယ်၊ အဲဒီ လို အခါမျိုး မှာ “ipconfig /flushdns” ဆိုတဲ့ command က DNS chche  ကို clear လုပ်ပေးပါလိမ့်မယ်၊ “ipconfig /flushdns” ကို run ဖို့ administrator right လိုအပ်ပါတယ်။

########

Windows Network Diagnostic Commands တွေ ထဲက နောက် command တခု ဖြစ် တဲ့ “getmac” ဆို တဲ့ command ကို ဖေါ်ပြပါမယ်၊ getmac command က တော့ ကွန်ပြူတာ မှာ ရှိ တဲ့ network adapters တွေရဲ့ MAC address (သို့) Physical address တွေကို ဖေါ်ပြပေးနိုင်ပါတယ်၊

“getmac” command ကို parameter မပါပဲ အသုံးပြုပါက၊ local computer မှာ ရှိတဲ့၊ network adapters များ၏ MAC address (သို့) Physical address ကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်၊ “getmac /S \\computer1” ဆိုရင်တော့ remote computer တလုံး၏MAC address (သို့) Physical address ကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်၊ “getmac” command ၏ အသုံးပြု မှု ကို အသေးစိတ် သိရှိ ရန် အတွက် “getmac /?” ဖြင့် ရှာနိုင်ပါသည်။

နောက် command တခု ဖြစ် တဲ့ arp command က တော့ network devices တွေရဲ့၊ arp (address resolution protocol) information ကို ဖေါ်ပြပေးပါတယ်၊ အောက်ဖေါ်ပြပါ ဥပမာ သည် “arp -a” command ကို run ခြင်းဖြင့် ရရှိလာ သော အချက် အလက် များပင် ဖြစ်သည်။

C:\Users\admin>arp -a

Interface: 192.168.0.101 --- 0xe

Internet Address      Physical Address      Type

192.168.0.1            06-00-00-0d-05-04     dynamic

192.168.0.255         ff-ff-ff-ff-ff-ff                static

224.0.0.22               03-00-5f-00-00-16     static

224.0.0.251             05-00-5f-00-00-fb     static

224.0.0.252             06-00-5f-00-00-fc     static

239.255.255.250      08-00-5f-7f-ff-fa       static

255.255.255.255      ff-ff-ff-ff-ff-ff          static

နောက် arp command ၏ ဥပမာ တခု ကို ဖေါ်ပြပါမည်။

arp -s 220.0.0.161 00-50-04-62-F7-23

အထက်တွင် ဖေါ်ပြသော arp command ဥပမာ တွင် ip address 220.0.0.161 ရှိသော network device ၏ Physical address 00-50-04-62-F7-23 ကို arp entry ထဲ သို့ ထည့်သွင်းပေး မည်၊ arp command ကို အသေးစိတ် သိရှိ လိုပါက၊ “arp /?” ဖြင့် ရှာ ဖွေ နိုင်ပါသည်။

နောက် command တခု ဖြစ်တဲ့ “nbtstat command” ကတော့ NetBIOS name ပြဿ နာ ကို ဖြေရှင်း တဲ့ အခါ မျိုးမှာ အသုံးပြု ပါတယ်၊ NetBIOS name ဆိုတာ ကတော့  NetBIOS over TCP/IP (NetBT) ကို အသုံးပြုတဲ့ network တွေ မှာ network resource တွေကို သတ်မှတ် (identify) ပြုလုပ်ရန် အသုံးပြုတဲ့ “unique identifier”  ပဲ ဖြစ်ပါတယ်။

“nbtstat -n” command ကို local NetBIOS name များကို သိရှိ လို တဲ့ အခါမျိုးမှာ အသုံးပြုပါတယ်။

“nbtstat -A 204.224.150.3” ကို အသုံးပြုတဲ့ အခါ၊ remote ip address 204.224.150.3 တွင် ရှိသော NetBIOS name များကို ဖေါ်ပြပေးမည် ဖြစ်သည်။

“nbtstat -a computer001” ကို အသုံးပြုသော အခါ၊ remote machine name “computer001” တွင် ရှိသော NetBIOS name များကို ဖေါ်ပြပေးမည် ဖြစ်သည်။

“nbtstat /?” ဖြင့် nbtstat command ကို အသုံးပြုပုံ အသေး စိတ်ကို ဖတ်ရှု နိုင်ပေသည်။

######

Windows Network Diagnostic Commands ထဲ မှာ “telnet command” သည် လည်း တခု အပါ အဝင် ဖြစ်ပါတယ်၊ “telnet command” ကို အသုံးပြုပြီး၊ computer (ဥပမာ။  ။ telnet server ပိုင်း ကို အင်စတော လုပ်ထား တဲ့ ဆာဗာ တလုံး)၊ network device (ဥပမာ။  ။ switch, router, security appliance) တို့ ကို အဝေး မှ နေ၍ ဆက်သွယ်ပြီး၊ setup ပြုလုပ်ခြင်း၊ manage ပြုလုပ်ခြင်း တို့ ကို ပြုလုပ် နိုင်ပါတယ်။

သတိပြု ရန် မှာ “telnet” ဖြင့် အသုံးပြုနေ စဉ်  telnet session တွင် data ကို အပြန်အလှန် ဆက်သွယ် ပေးပို့ မှု အားလုံး သည် “plain text” ဖြစ်သော ကြောင့်၊ security အတွက် အရေး ကြီး သော နေရာ များ တွင် မူ၊ data ကို encrypt ပြုလုပ် ကာ ပေးပို့သော၊ SSH (Secure Socket Shell) ကို အသုံးပြုသင့်ပါတယ်၊ SSH တွင် အသုံးများ သော software တခု ဖြစ်သည့်၊ “PuTTY” ကို https://goo.gl/XbTF မှ download လုပ်နိုင်ပါသည်။

Windows 7 မှ စ၍၊ နောက်ပိုင်း Windows များ တွင် “telnet” ကို default enable ပြုလုပ်ထား ခြင်း မရှိပေ၊ ထို့ကြောင့် အသုံးပြုလိုပါက၊ အောက်ပါ နည်း နှစ်နည်း ကို အသုံးပြု၍၊ “enable” ပြုလုပ်နိုင်ပါတယ်။

Method 1 (Control Panel မှ တဆင့် “Enable” ပြုလုပ်ခြင်:)

Control panel မှ တဆင့် “Enable” ပြုလုပ် ရန် အောက်ပါ အတိုင်း လုပ်ဆောင် ရမည် ဖြစ်သည်။

(၁) ဝင်းဒိုး ၏ “Control Panel“ ကို ဖွင့်ပါ။

(၂) “Programs and Features” ကို ဖွင့်ပါ။

(၃) “Turn Windows features on or off ” ကို ရွှေးချယ်ပါ။

(၄) “Telnet Client” box ကို check လုပ်ပါ။

ထို အခါ “Telnet Client” နှင့် သက်ဆိုင် သော ဖိုင် များ ကို install လုပ် သွားပါလိမ့်မည်။

Method 2 (command line မှ တဆင့် ပြုလုပ်ခြင်း)

(၁) Command Prompt ကို ဖွင့်ပါ။

(၂) Command Prompt တွင် pkgmgr /iu:"TelnetClient" ကို ရိုက်ပေးပါ။

ထို အခါ “Telnet Client” နှင့် သက်ဆိုင် သော ဖိုင် များ ကို install လုပ် သွားပါလိမ့်မည်။

“telnet /?” ဖြင့် telnet command ၏ အသုံးပြု ပုံ အသေး စိတ် ကို သိရှိနိုင်ပါသည်။

ဥပမာ။  ။ telnet 192.168.0.101 ကို အသုံးပြု ခြင်း သည်၊ IP address 192.168.0.101 ၏ telnet server ကို access ပြုလုပ်ခြင်း ဖြစ်သည်၊ ပုံမှန် အား ဖြင့် ဆာဗာ ကို access ပြုလုပ် ပြီးနောက် login credential ပေါ်လာပြီး၊ (login name, password) တို့ ကို ထည့်သွင်း ပေးရမည်ဖြစ်သည်၊ အသေး စိတ် ကို ပုံ(၁)၊ ပုံ(၂)၊ ပုံ (၃) တွင် ကြည့်ပေးပါ။

telnet command ၏ အသုံးဝင် မှု တခု မှာ remote computer တွင် ရှိသော သက်ဆိုင်ရာ service သည် run နေပြီး၊ access ပြုလုပ်၍ ရ မရ ကို စစ်ဆေး နိုင်ခြင်း ဖြစ်သည်၊ ဥပမာ။  ။ microsoft.com domain သည် HTTP service (web server) run နေပြီး၊ access ပြု လုပ် ၍ ရ မရ ကို ပုံ (၄) အတိုင်း စစ်ဆေး နိုင်ပေသည်။

C:\Users\admin>telnet microsoft.com 80

အကယ် ၍ HTTP service သည်  run နေပြီး access ပြုလုပ် နိုင်ပါက ပုံ (၅) အတိုင်း တွေ့ရမည် ဖြစ်သည်၊ ထို့ အတူ အခြား service များ ကို လည်း ၎င်း တို့ နှင့် သက်ဆိုင်သော TCP/IP port များ ကို အသုံးပြု ကာ စမ်းသပ် ကြည့် နိုင်ပါတယ်။

#####

Windows Network Diagnostic Commands တွေ ထဲ က၊ နောက် command တခု ဖြစ်တဲ့ “route command” အကြောင်းကို ပြောပါမယ်။

“route command” ကို အသုံးပြု ပြီး၊ ဝင်းဒိုး ကွန်ပြူတာ တလုံး၏ routing table ကို ကြည့်လို့ ရပါတယ်၊ routing table အကြောင်း ကို အနည်းငယ် ရှင်းပြလိုပါတယ်၊ တကယ်တော့ TCP/IP protocol ကို အသုံးပြုပြီး၊ data တွေကို network ကနေ တဆင့် ပို့ဆောင် တဲ့ အခါ၊ တခါ တည်း၊ data အကုန်လုံးကို သက်ဆိုင်ရာ destination (computer, switch, router, server, etc.) ဆီ ကို ပို့ တာ မဟုတ်ပါဘူး၊ packet လို့ ဆိုတဲ့ data တွေကို အပိုင်းလိုက် ပို့ပေးပြီး၊ လက်ခံ တဲ့ နေရာ ကို ရောက်တော့ မှ အဲဒီ packet တွေကို ပြန်ဆက်ပြီး၊ ပို့လိုက် တဲ့ data ကို ပြန်လည် assemble လုပ်ကာ ရယူ ခြင်းမျိုးဖြစ်ပါတယ်။

Packet တွေကို ပို့ပေးရာ မှာ၊ သူတို့သည် သူ တို့ သွား နေတဲ့ final destination ကို မရောက်ခင် router များ ကို ဖြတ်သန်းသွား လာရပါတယ်၊ အဲဒီ လို သွား လာရာ မှာ packet တွေ final destination ကို ရောက် ဖို့၊ ဘယ်လို လမ်းကြောင်း နဲ့ သွား လာ မလဲ? ဘယ်လို သွား လာ ရင် လမ်းကြောင်း အတိုဆုံး နဲ့ အကောင်း ဆုံး ဖြစ် မလဲ ဆိုတာ ကို router တွေ က ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်၊ packet သွားလာ မယ့် လမ်းကြောင်း ၏ link speed မြန်ဆန်မှု၊ router ဘယ် နှစ် လုံးလောက် ကို ဖြတ် ပြီး သွား ရင် လမ်းကြောင်း တို မလဲ ဆိုတာ တွေ ကို ထည့်သွင်း စဉ်းစား ရမှာ ဖြစ်ပါတယ်။

Windows PC တွေ သာမက router များ သည် “dynamic routing” ကို အသုံးပြု ကာ router တလုံး နှင့် တလုံး information မျာ အပြန်အလှန် ပေး ပို့ကာ packet များ ကို ဘယ် လို ပို့ပေးလျှင် အကောင်း ဆုံးဖြစ်မလဲ ဆိုတာ ကို လေ့လာ ကြပါတယ်၊ အဲဒီ လို route လုပ်ပေး နိုင်တဲ့ physical router ပဲ ဖြစ်ဖြစ်၊ PC တလုံး ပဲ ဖြစ်ဖြစ်၊ မှာ “routing table” ဆိုတာ ရှိပါတယ်၊ “routing table” သည် packet များ ၎င်း နေရာ မှ ထွက် တဲ့ အခါ ဘယ်သွား ရမယ် ဆိုတာ ကို ညွှန်ပြပေး တဲ့ ဇယား တခု ပဲ ဖြစ်ပါတယ်။

ဝင်းဒိုး ကွန်ပြူတာ တလုံး မှာ ရှိ တဲ့ “routing table” ကို သိဖို့ ရန် အတွက် “route print” command ကို အသုံးပြုနိုင်ပါတယ်၊ ပုံ (၁) တွင် ကြည့်ရှုပါ၊ အဲဒီ “routing table” မှာ packet တွေ သူ့တို့ ရဲ့ destination ထွက်ခွါမယ့် လမ်းကြောင်း ကို network destination, gateway address တွေ နဲ့ ဖေါ်ပြထားပါတယ်။

> route PRINT

“routing command” ကို static route ကို add/delete/change လုပ်တဲ့ အခါမျိုးတွေ မှာ လည်း အသုံးပြုလေ့ရှိပါတယ်၊ ဥပမာ။  ။ static route တခု ကို add လုပ်ချင်ရင် အောက်ပါ syntax အတိုင်း အသုံးပြု နိုင်ပါတယ်။

route ADD destination_network MASK subnet_mask  gateway_ip metric_cost

subnet_mask နဲ့ metric_cost တို့ သည် optional ဖြစ်ပါတယ်၊ အကယ်၍ subnet_mask ကို ထည့်သွင်း အသုံးမပြုရင်၊ 255.255.255.0 ကို ပဲ ဝင်းဒိုး က အသုံးပြုပေး သွားပါမယ်၊ အကယ်၍ metric_cost ကို ထည့်သွင်း အသုံး မပြုဘူး ဆိုရင်တော့၊ 0.0.0.0 network destination ရဲ့ metric ထက် တခု ကြီးတဲ့ metic ကို ဝင်းဒိုး က ထည့်သွင်း အသုံးပြုပေးသွား မည် ဖြစ်သည်။

Metric ဆိုတာ က တော့  link speed, hop count, or time delay တို့ အပေါ် မူတည် ဆုံးဖြတ် ရတဲ့ တန်ဖိုး တခု ပဲ ဖြစ်ပါတယ်၊ ဝင်းဒိုး အသုံးပြု တဲ့ “automatic metric” ဆိုတာ ကတော့ link speed အပေါ်မူတည် စဉ်းစား ပြီး၊ metric ကို local route အတွက် auto configure လုပ်ပေးခြင်းမျိုး ဖြစ်ပေသည်၊ “automatic metric” သည် ဝင်းဒိုးတွင် default enable ဖြစ်ပါတယ်။

“automatic metric” ကို အနည်းငယ် ရှင်းပြလိုပါတယ်၊ အကယ်၍ ကွန်ပြူတာ တလုံးတွင် 10 Mb network interface  နဲ့ 100 Mb network interface card နှစ်ခုရှိပြီး၊ network interface card နှစ်ခု စလုံးတွင်လည်း  default gateway ကို configure လုပ်ထား သည် ဆိုကြပါစို့၊ ထိုအခါ “automatic metric” က နှေးတဲ့ 10 MB network interface card ကို higher metric ပေးသွား မှာ ဖြစ်ပါတယ်၊

အကယ်၍ 192.168.35.0 subnet ကို သွား မယ့် packet အားလုံး အတွက် gateway address 192.168.0.2 ကို သတ်မှတ် ပြီး၊  “automatic metric” ကို အသုံးပြု ၍ static route တခု ကို အောက်ပါ အတိုင်း add လုပ်နိုင်ပါတယ်၊ ပုံ(၂) ကို ကြည့်ပါ။

route ADD 192.168.35.0 MASK 255.255.255.0 192.168.0.2

အပေါ်က command ကို run ပြီး တဲ့ အခါ၊ “route print” command ကို အသုံးပြုပါက ပုံ(၃) အတိုင်း တွေ့ ရှိရပေမည်။

“route command” ၏ အသေး စိတ် ကို route /? ဖြင့် ရှာ ဖွေ နိုင်ပါသည်။

#####

Windows Network Diagnostic Commands တွေထဲ က နောက်တခု က တော့ “ping” ပဲ ဖြစ်ပါတယ်၊ တကယ်လို့ ကွန်ပြူတာ တလုံးသည် network connection ကျသည် ဖြစ်စေ၊ အင်တာနက် မရ သည် ဖြစ်စေ၊ ကွန်ပြူတာ ၏ network interface သည် ရှိသင့်သော IP address, subnet mask, gateway address, DNS server address တို့ ရရှိနေပါက၊ ping command ကို အသုံးပြု ကာ gateway, router တို့ကို ping လုပ်ကာ စစ်ဆေးသင့်ပေသည်၊ ဥပမာ။   ။ မိမိ ကွန်ပြူတာ ၏ gateway ip address သည် 192.168.0.1 ဖြစ်ပါက၊ ၎င်း ip address ကို စစ် လိုပါက “ping 192.168.0.1” command ဖြင့် စစ်ဆေး နိုင်ပါသည်၊ အကယ်၍ “ping” ပြုလုပ်နိုင်ပါက မိမိ ကွန်ပြူတာ နှင့် gateway အကြား တွင် အဆက် အသွယ် ရှိနေကြောင်း ကို ပြသ နေပေသည်၊ ping test ပြုလုပ် ၍ ရသော ရလဒ် နမူနာ ကို အောက်တွင် ဖေါ်ပြထားပါသည်။

C:\Users\admin>ping 192.168.0.1

Pinging 192.168.0.1 with 32 bytes of data:

Reply from 192.168.0.1: bytes=32 time=1ms TTL=64

Reply from 192.168.0.1: bytes=32 time=2ms TTL=64

Reply from 192.168.0.1: bytes=32 time=2ms TTL=64

Reply from 192.168.0.1: bytes=32 time=1ms TTL=64

Ping statistics for 192.168.0.1:

Packets: Sent = 4, Received = 4, Lost = 0 (0% loss),

Approximate round trip times in milli-seconds:

Minimum = 1ms, Maximum = 2ms, Average = 1ms

Ping command နှင့် သက်ဆိုင်သော အသေးစိတ်  အသုံးပြု ပုံ ကို “ping /?” ဖြင့် ရှာဖွေ နိုင်ပါသည်။

“ping -t” command ကို အသုံးပြုပါက၊ ping ပြုလုပ်လို သော ip address ကို စဉ်ဆက် မပြတ်၊ ping ပြုလုပ်နိုင်ပေသည်၊ ဥပမာ။  ။ “ping -t 192.168.0.1” ဟု ဖြစ်ပါသည်၊ statistics ကို ကြည့်ပြီး၊ ping ဆက်လက်ပြုလုပ်ရန်၊ Clt+Break ကို အသုံးပြု နိုင်ပါသည်၊ Clt+C ကို အသုံးပြု ၍ ping ပြုလုပ်ခြင်း ကို ရပ်နိုင်ပါသည်။

“Ping -a” command ကို အသုံးပြုခြင်းဖြင့်၊ ip address ကို ping လုပ်နိုင်သည် သာ မက၊ ၎င်း ip address ၏ hostname ကိုပါ resolve လုပ်ပေး နိုင်ပေသည်၊ ဥပမာ။   ။ “ping -a 192.168.0.101” ဟူ၍ ဖြစ်ပါသည်။

Windows Network Diagnostic Command နောက်တခု ကတော့ “nslookup” command ပဲ ဖြစ်ပါတယ်၊ “nslookup” command ကို အသုံးပြုပြီး၊ ဆာဗာတခု ၏ DNS name (domain name system) ကို resolve လုပ်နိုင်ပါတယ်၊ အောက်တွင် ဖေါ်ပြထား သော ဥပမာ ကို ကြည့်ပါ။

C:\Users\admin>nslookup microsoft.com

Server:  UnKnown

Address:  192.168.0.1

Non-authoritative answer:

Name:    microsoft.com

Addresses:  191.239.213.197

                   104.40.211.35

                   104.43.195.251

                   23.100.122.175

                   23.96.52.53

အထက် ပါ ဖေါ်ပြချက် တွင် မိမိ ကွန်ပြူတာ အသုံးပြုနေသော DNS ဆာဗာ ၏ ip address သည် 192.168.0.1 ဖြစ်သည်၊ “nslookup microsoft.com” command သည် “microsoft.com” ၏ ip address များကို resolve လုပ်ပေး ခြင်းဖြစ်သည်၊ အသုံးပြုပုံ မှာ အင်တာနက် အသုံးပြုစဉ် အင်တာနက် ဆာဗာ တခုခု ကို၊ access လုပ်မရပါက၊ မိမိ ကွန်ပြူတာ အသုံးပြုနေသော DNS ဆာဗာ သည် ၎င်း အင်တာနက် ဆာဗာ ကို reslove လုပ်နိုင် မလုပ် နိုင် ကို အထက်တွင် ဖေါ်ပြ သကဲ့သို့ စမ်းသပ်ကြည့်နိုင်ပေသည်။

C:\Users\admin>nslookup

Default Server:  UnKnown

Address:  192.168.0.1

> server 8.8.8.8

Default Server:  google-public-dns-a.google.com

Address:  8.8.8.8

> microsoft.com

Server:  google-public-dns-a.google.com

Address:  8.8.8.8

Non-authoritative answer:

Name:    microsoft.com

Addresses:  104.43.195.251

         23.100.122.175

         23.96.52.53

         191.239.213.197

         104.40.211.35

> exit

C:\Users\admin>

အထက်ပါ ဥပမာ တွင် မိမိကွန်ပြူတာ DNS အသုံးပြုနေသော ဆာဗာ သည် 192.168.0.1 ဖြစ်သည်၊ သို့သော် ၎င်းဆာဗာ ကို အသုံးပြု ၍ resolve မလုပ်ပဲ၊ DNS ဆာဗာ ip address 8.8.8.8 (Google ၏ public DNS server) ကိုသာ အသုံးပြု၍ “microsoft.com” ကို resolve လုပ်ခြင်း ဖြစ်ပေသည်။  

nslookup command ဖြင့် diagnose ပြုလုပ် ရန်၊ DNS အလုပ်လုပ် ပုံကို သိရှိရန် လိုအပ်ပါသည်၊ TCP/IP protocol ကို install ပြုလုပ်ထား မှသာ၊ nslookup command ကို အသုံးပြု ၍ ရမည်ဖြစ်သည်။

#it #itworld #informationtechnologyworld