Saturday, February 28, 2015

ရန်ကုန် Stock Exchangeအကြောင်း

ရန်ကုန်စတော့အိပ်ချိန်းသည် ၂၀၁၅ခုနှစ်အောက်
တိုဘာလတွင်ပဲ ဖွင့်လှစ်တော့မည်ဖြစ်သည်။
ထို့ကြောင့် အများပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသူများ
သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ဖြင့်ပေါ်
ပေါက်လာမည့် စတော့ဈေးကွက် အပေါ်တွင် အထူးစိတ်ဝင်စားလျက်ရှိကြသည်။ ဤအနာဂတ်ကို ရှုမျှော်၍ အများပြည်သူများ စတော့ဈေးကွက်ဆိုင်ရာ
အသိပညာများတိုးပွားရန် ယခုလိုတင်ပြလိုက်ရပါ
သည်။ ယခုအမေးအဖြေစာစဉ်သည် ကျွန်တော်တို့
Myanmar Investment Watch ၏ စတော့ဈေးကွက်မိတ်ဆက်အသိပညာ ဖြန့်ဝေခြင်း
အစီအစဉ်မှ ပထမဦးဆုံးအစီအစဉ်ဖြစ်ပါသည်။ စတော့ဈေးကွက်မိတ်ဆက်အစီအစဉ်တွင် စာစဉ်
များ ဆောင်းပါးများ ဗီဒီယိုတင်ဆက်မှုများ အပတ်
စဉ်ပြုလုပ်၍ စတော့ဈေးကွက်ဆိုင်ရာသိရှိရန် လိုအပ်သမျှ အကြောင်းအရာများအား မိဘပြည်သူ
များထံ လွယ်ကူရိုးရှင်းစွာ ရှင်းလင်းတင်ဆက်သွား
ပါမည်။ ဤအစီအစဉ်အပြီးတွင် စတော့ဈေးကွက် ဗဟုသုတအတိအလင်း ကြွယ်ဝလာမည်ဟု MIWမှပြောကြားလိုပါသည်။

စတော့ဈေးကွက်ဆိုတာဘာလဲ။ စတော့အိပ်ချိန်းဆို
တာဘာလဲ။
………………………………………
စတော့ဈေးကွက်တစ်နည်းအားဖြင့် ငွေချေးသက်
သေခံလက်မှတ်ဈေးကွက်ဆိုသည်မှာ နိုင်ငံတစ်နိုင်
ငံရှိ စတော့များ Stocks ငွေချေးစာချုပ်များ Bonds ပုံမှန်အရောင်းအဝယ်လုပ်နေသည့်ဈေး
ကွက်ကိုဆိုသည်။ ကားအရောင်းအဝယ် ပြုလုပ်
သည့်အခါ ကားဈေးကွက်ကျောက်မျက်အရောင်း
အဝယ်ပြုလုပ်၍ ကျောက်ဈေးကွက်ဟုဆိုကြသလို
စတော့များအခြားငွေချေးသက်သေခံ လက်မှတ်များ
အရောင်းအဝယ်ပုံမှန် ရှိသည့်နေရာသို့ စနစ်သည် စတော့ဈေးကွက်ပင်ဖြစ်သည်။ နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်စတော့ ဈးကွက် ကျဆင်းနေပြီဟေ့ The US Stock
market is going down ဟုပြောဆိုလေ့ရှိ
ကြသည်။ ထိုသို့ မှတ်ချက်ပြုတိုင်းသိရမည်မှာ အမေ
ရိကန်စတော့ဈေးကွက်ရှိ စတော့ဈေးနှုန်းများ ပျမ်းမျှ
အားဖြင့် ကျဆင်းသွားသည်ကိုဆိုလို ခြင်းပင်ဖြစ်
သည်။ ရှင်းရှင်းဆိုသော် စတော့ဈေးကွက်သည် တစ်နိုင်ငံလုံးရှိ စတော့များ အရောင်းအဝယ်ပြုမှု အခြေအနေပင်ဖြစ်သည်။
စတော့အိပ်ချိန်းသည် စတော့ဈေးကွက်တွင်ရှိသည့်
ဈေးတစ်ခုပင်ဖြစ်သည်။ စတော့အိပ်ချိန်းတွင် အရည်အချင်း ပြည့်မှီသော ကုမ္ပဏီလုပ်ငန်းများ၏ စတော့များ သက်သေခံလက်မှတ်များ ရောင်းဝယ်
မှုပြုလုပ်နိုင်သည်။ ထို့အပြင် စတော့အိပ်ချိန်းသည်
ကုမ္ပဏီလုပ်ငန်းများ၏ အစုရှယ်ယာစတော့များ ထုတ်ဝေရောင်းချခြင်းပြန်လည်ရုတ်သိမ်းခြင်းတို့
အပြင် အစုရှယ်ယာအကျိုးအမြတ်Dividends များပေးဝေခြင်းကိုလည်း ပံ့ပိုးဆောင်ရွက်ပေးသည်။ ထို့ကြောင့်စတော့အိပ်ချိန်းသည် ကုန်စည်
ဒိုင်တစ်ခုကဲ့သို့ပင်ဖြစ်သည်။ ကုန်စည်ဒိုင်တစ်ခုတွင်
အရည်အသွေးမှီကောက်ပဲသီးနှံများသာ ရောင်းဝယ်
သကဲ့သို့ စတော့အိပ်ချိန်းတွင်လည်း စတော့ဈေး
ကွက်တစ်ဝန်းလုံးရှိ စတော့များထဲမှ အရည်အချင်း
ပြည့်မှီသောအများပိုင်ကုမ္ပဏီ လုပ်ငန်းများ၏ စတော့များကိုသာ လဲလှယ်ရောင်းဝယ်ခြင်းဖြစ်သည်။ ကုန်စည်ဒိုင်တွင် ကုန်စည်ဈေးနှုန်းများ နေ့စဉ်ထုတ်ပြန်သကဲ့သို့ စတော့အိပ်ချိန်းတွင်လည်း
လုပ်ငန်းကုမ္ပဏီအမျိုးမျိုး၏ စတော့ဈေးနှုန်းများအား
စက္ကန့် နှင့်အမျှ တိုက်ရိုက်ထုတ်ပြန်သည်။ ထို့ကြောင့်စတော့အိပ်ချိန်း Stock Exchange အား ကုန်စည်ဒိုင်Commodities Exchange နှင့် နှိုင်းယှဉ်ပါက သဘောပေါက်ရန် လွယ်သည်။

ကောင်တာဈေးကွက်ဆိုသည်ကိုလည်းဆက်လက်
ရှင်းပြလိုပါသည် ။ ကုန်စည်ဈေးကွက်တွင် ပွဲရုံများ
သည် ကုန်စည်များကိုကုန်စည်ဒိုင်ပြင်ပတွင်လည်း
အရောင်းအဝယ်ပြုလုပ်လေ့ရှိသည်။ အလားတူ စတော့အိပ်ချိန်းတွင် စာရင်းမဝင်သည့် ကုမ္ပဏီလုပ်ငန်းများ၏ စတော့များ ရောင်းဝယ်ခြင်းကိုစုစည်း
ဆောင်ရွက်သည့် ဈေးကွက်သည်ကောင်တာဈေး
ကွက်ဖြစ်သည်။ ထိုအိပ်ချိန်းပြင်ပကောင်တာဈေး
ကွက်တွင် အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီ၏ စတော့များ
ကိုလည်း အရောင်းအဝယ်ပြုလုပ်နိုင်သည်။ သို့သော် ကောင်တာဈေးကွက်တွင် ရောင်းဝယ်
သည့် စတော့များ၏ ဈေးနှုန်းနှင့်အရေအတွက် ကို
စတော့အိပ်ချိန်းတွင်ကဲ့သို့ ထုတ်ပြန်ကြေငြာရန် မလိုသဖြင့် ရောင်းသူဝယ်သူမှ အပမသိရှိနိုင်ပါ။ ထို့ကြောင့် စတော့အိပ်ချိန်းနှင့် ကောင်တာဈေး
ကွက် များသည် မြန်မာနိုင်ငံစတော့ဈေးကွက်၏ အစိတ်အပိုင်းများ ဖြစ်သည်ဟုဆိုနိုင်ပါသည်။
ရန်ကုန်စတော့အိပ်ချိန်း၏ အရောင်းအဝယ်လုပ်
ဆောင်မှုများ အွန်လိုင်းပလက်ဖောင်းပေါ်တွင်ပဲ
ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသည်။ ရင်းနှီးမြှုပ်နှံ
သူများသည် အင်တာနက်မှတစ်ဆင့် စတော့နှင့် အခြားငွေချေးသက်သေခံလက်မှတ်များကို ရောင်း
ဝယ်မှုပြုလုပ်နိုင်မည်ဖြစ်သည်။ ရန်ကုန်စတော့အိပ်
ချိန်းသည် အများပိုင်ကုမ္ပဏီ၏စတော့များ စတင်ဖြန့်
ဖြူးရောင်းချခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများအား အစုရှယ်ယာ အကျိုးအမြတ်များ ခွဲဝေပေးအပ်ခြင်းတို့ကိုလည်း လက်ခံဆောင်ရွက်မည်ဖြစ်သည်။

ရန်ကုန်အိပ်ချိန်းတွင် ရောင်းဝယ်နိုင်မည့် စတော့များ ငွေချေးသက်သေခံ လက်မှတ်များကို ဘယ်သူ ထုတ်ဝေသလဲ။
………………………………………
ရန်ကုန်အိပ်ချိန်းရှိ စတော့များသည် အိပ်ချိန်းဝင်ရန်
အရည်အချင်းပြည့်မှီသည့် အများပိုင်ကုမ္ပဏီ များမှ
အရင်းအနှီးစုဆောင်းရန် ထုတ်ဝေထားခြင်းဖြစ်ပါ
သည်။ အရင်းအနှီးလိုအပ်ချက်ကြောင့် အောင်မြင်
သည့်ကုမ္ပဏီတစ်ခုသည် အများပိုင်ကုမ္ပဏီ ပြောင်းလဲကာ ၄င်း၏စတော့များကို အများပြည်သူသို့ ကနဦး ဖြန့်ဖြူးရောင်းချခြင်း Initial Public
Offering ပြှုလုပ်ရပါသည်။ ထို့ကြောင့် IPO သည်ကုမ္ပဏီတစ်ခု၏ စတော့များအများပြည်သူထံသို့ ပထမဆုံးအကြိမ်ဖြင့် ရောင်းချခြင်းဖြစ်သည်။ ထို IPO ကြောင့် ၄င်းကုမ္ပဏီ၏ စတော့နှင့် ငွေချေး
သက်သေခံလက်မှတ်များ စတော့ဈေးကွက် အတွင်းသို့ ရောက်ရှိလာပြီး ရင်းနှီးမြှုပ်နှံသူများသည် ဤစတော့များကို စတော့အိပ်ချိန်းတွင် အရောင်း
အဝယ်ပြုလုပ်နိုင်ပြီဖြစ်သည်။

ယခုအချိန်တွင် ကုမ္ပဏီအချို့သည် ရန်ကုန်အိပ်ချိန်း
မဖွင့်မှီပင် ယင်းတို့၏ စတော့များအား IPO ပြုလုပ်၍ စိတ်ဝင်စားသူရင်းနှီးမြှုပ်နှံ သူများထံ ရောင်းချရန် ပြင်ဆင်နေကြပြီး ဖြစ်သည်။ လောလောဆယ်တွင် ကုမ္ပဏီခြောက်ခုသည် အများပြည်သူသို့ စတော့များ ကနဦးဖြန့်ဖြူးရောင်းချ
ခြင်းကို ရန်ကုန်စတော့အိပ်ချိန်းမဖွင့်မှီ ဆောင်ရွက်
်ရန် စာရင်းပေးလျှောက်ထားပါသည်။

IPOစတော့ရောင်းချမှုတွင် လူတိုင်းဝယ်ယူနိုင်ပါသလား။
………………………………………
လူတန်းစားအလွှာအသီးသီးမှ ရင်းနှီးမြှုပ်နှံလိုသူ
တိုင်း ဝယ်ယူနိုင်ပါသည်။ IPOပြုလုပ်သည့် ကုမ္ပဏီ
သည် မိမိစိတ်ဝင်စားရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီလုပ်ငန်းဖြစ်ပြီး ထုတ်ဝေသည့်စတော့၏ ဈေးနှုန်းသည်လည်း အဖိုးထိုက်တန်သည်ဟု ယူဆပါက ထုတ်ဝေသည့်စတော့ အရေအတွက် မကုန်မချင်းဝယ်ယူနိုင်ပါသည်။

အွန်လိုင်းစတော့အိပ်ချိန်းက ဘယ်လိုဆောင်ရွက်တာလဲ။
………………………………………
ရန်ကုန်စတော့အိပ်ချိန်းYSE သည် အွန်လိုင်းအိပ်
ချိန်းဖြစ်သည့်အတွက် လူကိုယ်တိုင်သွားရန်မလိုပဲ
အင်တာနက်မှတစ်ဆင့်သာ ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်မှုတွေ ဆောင်ရွက်နိုင်မည့်
အိပ်ချိန်းဖြစ်ပါသည်။ ကုန်စည်များရောင်းဝယ်ရန် ဘုရင့်နောင်ကုန်စည်ဒိုင်သွားရသလို FMIကုမ္ပဏီ
၏စတော့ကိုဝယ်ယူရန် စတော့အိပ်ချိန်းဝက်ဘ်ဆိုဒ်
တစ်ခုထံ သွားရောက်ဝယ်ယူရုံပင် ဟုဥပမာပြရပါ
မည်။ စတော့ဝယ်ယူသည့်အခါ အရောင်းအဝယ်စာ
ချုပ်ကို ရောင်းသူဝယ်သူအကြား အွန်လိုင်းပလက်
ဖောင်း တွင်သာချုပ်ဆိုပေးနိုင်မည့်စနစ်ဖြစ်သည်။
ဝယ်သူ၏ ဘဏ်မှငွေပမာဏကို ရောင်းသူထံလွှဲ
ပြောင်းပေးပြီးအခါတွင် စတော့ပိုင်ဆိုင်မှု စာချုပ်တွင်
ဝယ်ယူသူအမည်ပေါက်ရန် အလိုအလျောက်ပြောင်းလဲ
ပေးသွားမည်ဖြစ်သည်။

စတော့များကို ဘယ်လိုဝယ်ယူရမှာလဲ။
………………………………………
ရန်ကုန်စတော့အိပ်ချိန်းမှ စတော့များကို တိုက်ရိုက်
မိမိကိုယ်တိုင်ဝယ်ယူလိုပါက စတော့အိပ်ချိန်းတွင် အသင်းဝင်ရပါမည်။ အသင်းဝင်ခြင်းနှင့် အတူ လစဉ်သို့ နှစ်စဉ်အသင်းဝင်ကြေးများကြီးမြင့်စွာ ပေးရရန်ရှိပါသည်။ ထို့ကြောင့် အရင်းအနှီးပမာဏများစွာဖြင့် စတော့များဝယ်ယူရန်မဟုတ်ပါက အသင်းဝင်ရန်မလိုအပ်ပါ။ အကြောင်းမှာ ရင်းနှီးမြှုပ်နှံလိုသူများသည် မိမိတို့ဝယ်ယူလိုသည့် စတော့များကို ငွေချေးသက်သေခံလက်မှတ် အကျိုး
ဆောင်လုပ်ငန်းများBrakerage Firm မှတစ်ဆင့် ဝယ်ယူနိုင်၍ဖြစ်သည်။ ထိုငွေချေးသက်သေခံလက်မှတ် အကျိုးဆောင်ကုမ္ပဏီသည် ရင်းနှီး
မြှုပ်နှံသူများကိုယ်စား စတော့များ အခြားငွေချေး
သက်သေခံလက်မှတ်များအား ဝယ်ယူခြင်း ရောင်း
ချခြင်း ပြုလုပ်ပေးသည့် စတော့အကျိုးဆောင်လုပ်
ငန်းဖြစ်သည်။ စတော့အကျိုးဆောင်ကုမ္ပဏီသည်
ရင်းနှီးမြှုပ်နှံသူများ ပိုင်ဆိုင်သောစတော့များကို မှတ်ပုံတင်ပေးမည်ဖြစ်ကာ စတော့ပိုင်ဆိုင်မှုထောက်ခံချက်များ Ownership Statement လည်းရင်းနှီးမြှုပ်နှံသူများ အလိုရှိလျှင် ထုတ်ပေးမည်ဖြစ်သည်။ ထိုဝန်ဆောင်
မှုများအတွက် အကျိုးဆောင်ကုမ္ပဏီသည် ရင်းနှီး
မြှုပ်နှံသူများထံ စတော့ဝယ်ယူရောင်းချမှုပြုတိုင်း
ကော်မရှင် အခကြေးငွေရယူသွားမည်ဖြစ်သည်။
စတော့အကျိုးဆောင်ကုမ္ပဏီသည် ကုန်စည်ဒိုင်ရှိ
ပွဲရုံများသဖွယ်ဖြစ်ပေသည်။

စတော့ဈေးကွက်တွင် ပါဝင်ခြင်းဖြင့် အမြတ်ငွေများ
စွာရရှိနိုင်ပါသလား။
………………………………………
ဤမေးခွန်းကို ဖြေဆိုရန် အရင်ဆုံးစတော့ဈေးကွက်
တွင်ပါဝင်မည့် စတော့ရင်းနှီးမြှုပ်နှံသူနှင့် စတော့
ဝယ်ရောင်းသူတို့နှစ်ဦးအကြားကွာခြားချက်ကို သိရပါမည်။ စတော့ရင်းနှီးမြှုပ်နှံသူသည် ရေရှည်အ
ကျိုးစီးပွား တိုးပွားရန်အတွက် စတော့များကို အဓိက
ဝယ်ယူရင်းနှီးခြင်းဖြစ်ပြီး ၄င်းစတော့များမှ နှစ်စဉ် ရ
ရှိမည့်အကျိုးအမြတ်များနှင့် ရေရှည်တွင် မြင့်မား
လာမည့်စတော့တန်ဖိုး များအပေါ်မျှော်ကိုးခြင်း
ဖြစ်သည်။ စတော့ဝယ်ရောင်းသူသည် ရေတိုကာလ
စတော့ဈေးနှုန်း အပြောင်းအလဲဖြစ်မှုများပေါ်တွင်
အကျိုးအမြတ် ရရှိရန် စတော့များ ရောင်းခြင်းဝယ်
ခြင်းပြုလုပ်သူဖြစ်သည်။
စတော့ရင်းနှီးမြှုပ်နှံသူသည် မိမိစိတ်ပါဝင်စားသည့်
စီးပွားရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီလုပ်
ငန်းများ လည်ပတ်ပုံကို ကောင်းစွာနားလည်ရမည်။
မိမိရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီလုပ်ငန်းမှ ထုတ်ပြန်
သည့်ငွေစာရင်း ရှင်းတမ်းအမြတ်ငွေ ထုတ်ပြန်ချက်
အစရှိသည့် ဘဏ္ဍာရေးအခြေအနေများကို သိရှိနားလည်ပြီး ယင်းကုမ္ပဏီလုပ်ငန်း၏ အနာဂတ်တွင် ဖြစ်နိုင်မည့် ကြီးထွားမှုနှုန်း Growth အပေါ် သုံးသပ်နိုင်ရမည်။ စတော့ရင်းနှီးမြှုပ်နှံသူသည် အိမ်ခြံမြေဈေးကွက်တွင် ရေရှည်ရင်းနှီးမြှုပ်နှံသူတစ်
ဦးနှင့်တူသည်။ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူသည် မြေ
ကွက်တစ်ကွက် မဝယ်ယူမှီ မြို့ရွာပတ်ဝန်းကျင်၏ အနာဂတ်တိုးတက်မှု ရှိနိုင်မရှိနိုင် ခန့်မှန်းရသကဲ့သို့
စတော့ရင်းနှီးမြှုပ်နှံသူသည်လည်း မိမိနှစ်သက်
သည့်ရင်းနှီးမြှုပ်နှံမှုအပေါ် စုံစမ်းစစ်ဆေးရမည်ဖြစ်
သည်။ စတော့ရင်းနှီးမြှုပ်နှံသူအဖို့ ရေရှည်ကာလ
တွင် မိမိ၏ရင်းနှီးမြှုပ်နှံမှုများမှ အနည်းဆုံးအနေဖြင့်
လက်ရှိဘဏ်တိုးနှုန်းနှင့် ရွှေဈေးအတက်နှုန်း ထက်
၅ရာခိုင်နှုန်း ခန့်ပိုမိုအကျိုးအမြတ်ရရှိရန်မခက်ပါ။
ရေရှည်ဟုဆိုရာတွင်လည်း ၁၀နှစ်နှင့်အထက်ကို
ဆိုလိုပါသည်။ မှန်ကန်သောရင်းနှီးမြှုပ်နှံမှုကို ရေရှည်ပြုလုပ်ခဲ့ပါက ကြွယ်ဝသောဓနများ အတိုင်းထက်အလွန်ရရှိမည်မှာသေအချာပင်ဖြစ်ပါသည်
စတော့ဝယ်ရောင်းသူမှာ အိမ်ခြံမြေဈေးကွက်တွင် ရေတိုကာလ အတွင်း မြေဈေးတက်ကျမည်ကို ခန့်မှန်းကာ အရောင်းအဝယ်ပြုလုပ်သူတစ်ဦးနှင့် တူသည်။ စတော့ဝယ်ရောင်းသူသည် နေ့စဉ်နှင်အမျှ ရရှိမည့် စတော့ဈေးကွက် သတင်းများအပေါ်အခြေခံ၍ သုံးသပ်ခန့်မှန်းမှုများ ပြုလုပ်ရ
မည်ဖြစ်သည်။ အချိန်ပြည့်ပိုင်းခြားသုံးသပ်မှုများ လုပ်ရန်လိုအပ်ပြီး စတော့ရင်းနှီးမြှုပ်နှံသူထက် စတော့ဈေးကွက်ကို ပိုမိုနားလည်ရမည်ဖြစ်သည်။
စတော့ဝယ်ရောင်းတစ်ဦး၏အကျိုးအမြတ်သည် ဈေးကွက်အပေါ်ပိုင်းခြားသုံးသပ်နိုင်မှုအပေါ် မူတည်သည်။ စတော့ရွေးချယ်မှု အပေါ်မူတည်၍ အရှုံးများနိုင်သလို အမြတ်အစွန်းလည်းများစွာရရှိနိုင်သည်။
အချုပ်အားဖြင့်ဆိုသော် စတော့ဈေးကွက်သည်
ကျပ်တစ်သိန်းခန့်ရင်းရုံဖြင့် ကျပ်သန်းပေါင်းများစွာ
အချိန်တိုအတွင်း ရရှိနိုင်ရန်တော့ မစွမ်းဆောင်နိုင်
သည်ကိုသတိချပ်စေလိုပါသည်။ မိဘပြည်သူများ
စတော့ဈေးကွက်နှင့်ပတ်သက်၍ လွတ်လပ်စွာ မေးခွန်းများထပ်မံမေးမြန်းနိုင်ပါသည်။
စတော့ဈေးကွက် မိတ်ဆက်အစီအစဉ် ၁။
စတော့ဈေးကွက်အကြောင်း ဗဟုသုတရရှိရန် ဤအစီအစဉ်တွင် စာစဉ်များ ဗီဒီယိုတင်ဆက်မှုများ ဖြင့် မျှဝေတင်ဆက်သွားပါမည်။
MIW Originals
Visit website
YKKM

Friday, February 6, 2015

ဘာလဲ stock, stock market ဆိုတာ ?

Filed Under Capital Market, Education, Stock ငယ်ငယ်လေးတည်းက စာရေးသူ ဒီမေးခွန်းကို မေးဖူးပါတယ်။ stock ဆိုတာဘာလဲ။ ဘာလုပ်လို့ရသလဲ။ stock နဲ့စီးပွားရေးနဲ့ ဘယ်လိုပတ်သက်လို့ သူ့ကြောင်းပြောနေရတာလဲ စသဖြင့်ပါ။ စာပုဒ်လေးကို ရေးရတဲ့ အကြောင်းအရင်း ကတော့ စာရေးသူလိုပဲ သိချင်တဲ့သူတွေအတွက် ရည်စူးပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလဲ အကျယ်တ၀င့် ရေးသွားမှာပါ။ Stock ဆိုတဲ့ အစုရှယ်ရာတွေကို မြန်မာတွေ ရင်းနှီးကြမယ်လို့ယူဆပါတယ်။ မြန်မာမှာ stock market မရှိသေးပေမဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက အစုရှယ်ရာ ရောင်းချတာတွေရှိပါတယ်။ ဒါဆိုရင် stock ဆိုတာ ဘာပါလဲ။ stock ကိုပိုင်ဆိုင်တယ် ဆိုတာ စီးပွားရေးလုပ်တဲ့ ကုမ္ပဏီကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ခြင်းမျိုးပါပဲ။ ဥပမာ။ စာဖတ်သူက ကုန်စုံဆိုင်လေးတစ်ဆိုင် တည်ချင်လို့ဆိုပါတော့။ တည်ရင် ၁၀ သိန်းကုန်ကျမယ်လို့ စာဖတ်သူ ယူဆပါတယ်။ ဒါပေမဲ့စာဖတ်သူဆီမှာ လိုအပ်တဲ့ပိုက်ဆံအားလုံးမရှိပါဘူး။ အဲဒီလိုဆိုတော့ စာဖတ်သူက ကိုယ့်ဆိုင်ကို ဆယ်ပုံပုံဖို့စဉ်းစားပါတယ်။ တစ်ပုံကို တစ်သိန်းတန်ပါတယ်။ အဲဒီ ၁၀ ပုံက shares of stock (အစုရှယ်ယာ) လို့ခေါ်ပါတယ်။ တစ်သိန်းက share တစ်ခုရဲ့ဈေးနူန်းပါ။ Price of a share လို့ခေါ်ပါတယ်။ မိသားစုဝင် ဆယ်ယောက်က စာဖတ်သူရဲ့ stocks တွေကိုဝယ်လိုက်ပါတယ်။ စာဖတ်သူက ပိုင်ဆိုင်ကြောင်း တရာဝင် စာရွက်ကိုထုတ်ပေးပါတယ်။ စာရေးသူဆီမှာ လိုချင်တဲ့ ၁၀ သိန်းရပါပြီ။ Microsoft Stock Certificate တစ်နှစ်ကြာပြီးတဲ့ အခါ စာဖတ်သူရဲ့ဆိုင်က အမြတ် ၁သိန်းရပါတယ်။ အဲဒီ အမြတ်ကို stock ၁၀ခုနဲ့စားလိုက်ပါ။ share တစ်ခုအတွက် အမြတ် ၁ သောင်းရပါတယ်။ ရှယ်ယာတစ်ခုပေါ်က ၁သောင်း အမြတ်ကို earnings per share (EPS) လို့ခေါ်ကြပါတယ်။ အဲဒါနဲ့ စာဖတ်သူက ဒါရိုက်တာအဖွဲ့ board of directors (ရှယ်ယာပိုင်ရှင်တွေက စီးပွားရေးကို သူတို့ကိုယ်တိုင် မစောင့်လျှောက်နိုင်လို့ ခန့်ထားတဲ့ လူတွေပါ) ကိုခေါ်ပြီး အမြတ် ၁သောင်းထဲမှ အစုရှယ်ရာဝင်တွေအတွက် ၅၀၀၀ ကိုအမြတ်အဖြစ် ပြန်ပေးဖို့ဆုံးဖြတ်ပါတယ်။ အဲဒီ ရှယ်ယာပေါ်မှာ ပေးတဲ့ အမြတ်ကို dividend လို့ခေါ်ပါတယ်။ ကျန်တဲ့ ၅၀၀၀ ကိုတော့ စီးပွားရေးချဲ့ထွင်ဖို့အတွက် ကုမ္ပဏီထဲပြန်ထည့်ပါတယ်။ အဲဒါကိုတော့ retained earning လို့ခေါ်ပါတယ်။ အမြတ် ၁ သောင်းလုံး ကိုလဲ အစုရှယ်ယာပိုင်ရှင်တွေကိုပေးလိုက်လို့ရပါတယ်။ ဒါပေမဲ့ အားလုံးပေးလိုက်တဲ့အခါ ကုမ္ပဏီကို ချဲ့ထွင်ဖို့၊ ကုမ္ပဏီရဲ့ကုန်ကျစရိတ်တွေအတွက် သုံးဖို့မရှိတော့ပါဘူး။ အားလုံးဆုံးဖြတ်ချက်ချပြီးသွားတဲ့ အခါမှာတော့ အစုရှယ်ယာဝင်တွေကို ကြေညာပါတယ်။ အစည်းအဝေးခေါ်လို့လဲရပါတယ်။ ယခုမြန်မာပြည်မှအစုရှယ်ယာပိုင်ရှင် အစည်းအဝေးတွေလဲ တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေက အစည်းအဝေးတွေနဲ့မခြားပါဘူး။ ကုမ္ပဏီရဲ့အမြတ်တွေအကြောင်း၊ ငွေရေးကြေးရေးတွေ အကြောင်း၊ ရေတိုရေရှည် ခန့်မှန်းချက်တွေအကြောင်းပြောပြကြတာချည်းပါပဲ။ ဒါပေမဲ့ ယခုမြန်မာ့ ရင်းနှီးမြုပ်နှံသူ investor တွေကတော့ dividend ကလွဲပြီး တခြားဝင်ငွေမရကြပါဘူး။ stock market မရှိလို့ပါ။ stock market မှာ ကိုယ်ပိုင်တဲ့ stock တွေကို လွတ်လပ်စွာ ၀ယ်ယူခွင့်ရှိသလို၊ ရောင်းချင်တဲ့ stock ကိုလဲရောင်းနိုင်ပါတယ်။ ကြားခံ ပွဲစား broker ကနေတဆင့်ဝယ်ရောင်းလုပ်တာပါ။ ၀ယ်ရောင်းလုပ်ရာကနေ မြတ်နိုင်ပါတယ်။ stock market ကလိုလားလို့ မေးနိုင်ပါတယ်။ stock market ရှိတော့ ကုမ္ပဏီ အသေးအကြီးအများကြီး ဖွင့်လာနိုင်ဖို့ရှိပါတယ်။ လုပ်သားတွေအတွက် အလုပ်အခွင့်အရေးတွေ အများကြီးပိုပွင့်လာမယ်။ တိုင်းပြည်ရဲ့ ထုတ်ကုန်တိုးတက်လာမှာဖြစ်ပါတယ်။ လူနေမှုအဆင့်အတန်းပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။ ယခုတလောလေးတင်ကပဲ မြန်မာပြည်မှာ stock market ဖွင့်မဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။ ပုံမှန်အရ stock market ဖွင့်မဲ့ သတင်းဟာ သတင်းကောင်းပါ။ Myanmar looks at stock market to attract capital သို့သော် stock market ကိုလွယ်လွယ်နဲ့ ဖွင့်လိုက်လို့ရတဲ့အရာ မဟုတ်ပါဘူး။ stock market ကိုယုံယုံကြည်ကြည် နှင့်ရင်းနှီးမြုပ်နှံသူတွေများလာမှသာ အထက်ပါ အကျိုးခံစားခွင့်တွေရလာမှာပါ။ ဥပမာ။ ကုမ္ပဏီတွေက ၀င်ငွေ၊ ထွက်ငွေ၊ အမြတ်တွေကို အမှန်အကန်မပြဘဲ လိမ်လည်မယ်၊ အစုရှယ်ယာဝင်တွေပေါ်မှာ စာရင်းလိမ်မယ်ဆိုရင် ရင်းနှီးမြုပ်နှံသူတွေက မမြုပ်နှံချင်ကြပါဘူး။ နောက်ပြီး တကိုယ်တော်သမားတွေက ကုမ္ပဏီအတွင်းက အရေးကြီးသတင်းတွေနဲ့ မတရားနည်းလမ်းတွေသုံးပြီး အမြတ်ထုတ်တာတွေ၊ stock ဈေးကစားတာမျိုးတွေကို အစိုးရက အပြစ်မယူဘဲ လွှတ်ထားမယ်ဆိုရင် stock market ပေါ်မှာ ရင်းနှီးမြုပ်နှံဖို့ ယုံကြည်ချက်ရှိမှာ မဟုတ်ပါဘူး။ အဲဒီလိုဆိုရင် နဂိုမူလအတိုင်းပဲ အကျိုးမထူးတဲ့ အဖြစ်ပဲ ရောက်မှာပါ။ ထိုသို့ stock market ကိုဖွင့်ပေးဖို့ စဉ်းစားတော့မယ်ဆိုရင် ကုမ္ပဏီတွေရဲ့ စာရင်းတွေကိုစစ်ဖို့ စာရင်းစစ်တွေလိုပါမယ်။ စာရင်းဟောင်းတွေကို ထိန်းသိမ်းဖို့လိုပါတယ်။ အစိုးရအနေနဲ့လဲ တရားဥပဒေနဲ့ အညီ ထိုလိမ်လည်တဲ့ ကုမ္ပဏီတွေကို ပြစ်ဒဏ်ချရပါမယ်။ ၀င်ငွေခွန်တွေကိုလဲ ကုမ္ပဏီတိုင်း စနစ်တကျကောက်ခံဖို့လိုပါတယ်။ ထို့အပြင် အတွင်းသတင်းနဲ့ ဈေးကစားတဲ့ သူတွေ၊ အတွင်းသတင်းနဲ့ အမြတ်ထုတ်တဲ့သူတွေကို အပြစ်ချမှတ်ရမှာ ဖြစ်သလို၊ မဖြစ်အောင်ကာကွယ်မဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့လိုပါတယ်။ ဒီ post လေးက stock နဲ့ stock market အကြောင်းကို အကျဉ်းချုပ်တင်ပြတာပါ။
By ရီရီမြင့်
YKKM

Sunday, February 1, 2015

Google Play Store အကြောင်း

Google play store သည် Multimedia content များကို ရောင်းချသည့် Google ၏ online store ဖြစ်သည်။ ဤ store မှ နေ၍ သီချင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ ဂိမ်း၊ စာအုပ်နှင့် ဆော့ဖ်ဝဲများကို အခပေး၍ ဝယ်ယူနိုင်သည်။ သို့သော် အခမဲ့ရသည်တို့လည်း ရှိပါသည်။ သို့ရာတွင် Google play store သို့ ဝင်ရန် Google play store application ရှိရန်လိုသည်။ ထို application ကို မိမိ၏ tablet သို့မဟုတ် phone ပေါ်တွင် Install လုပ်ထားရန်လည်း လိုပါသည်။
Google play store ၏ အစသည် Google Market ဖြစ်သည်။ ယခင်က ဝယ်ယူထားသော Android tablet များနှင့် Smart phone များပေါ်တွင် Android market application အဟောင်း ရှိကောင်းရှိနေနိုင်ပါသည်။ Google သည် 2008 ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် Android market ကို ကြေညာလျက် online digital store လောကသို့ ဝင်ရောက်လာခဲ့သည်။
သို့ရာတွင် Phone နှင့် Tablet သုံးစွဲသူများ စတင် အသုံးပြုနိုင်သည်မှာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင်မှ ဖြစ်ပါသည်။ အခပေး ဆော့ဖ်ဝဲရောင်းချခြင်းကိုမူ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မှ စတင်နိုင်ခဲ့ပါသည်။ ထိုစဉ်က ဆောဖ့်ဝဲရေးသူ အများစုမှာ အမေရိကန်ပြည်ထောင်စုနှင့် ဂရိတ်ဗြိတိန်မှ ဖြစ်သည်။ သို့သော် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ အခြားသောနိုင်ငံ ၂၉ နိုင်ငံမှ ဆော့ဖ်ဝဲရေးသူများအတွက် လမ်းဖွင့်ပေးခဲ့ပါသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလထဲသို့ ရောက်သည့်အခါ Google သည် Android market ၌ content filtering စနစ်ကို ထည့်သွင်းခဲ့သည်။ ထို့ပြင် Android market မှ ဝယ်ယူသော Application များကို မကြိုက်လျှင် ၂၄ -၄၈ နာရီအတွင်း ငွေပြန်းအမ်း ယူနိုင်သော စနစ်အစား ၁၅ မိနစ်အတွင်း ငွေပြန်အမ်းယူနိုင်သည့် စနစ်သို့ ပြောင်းလဲခဲ့ပါသည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလသို့ ရောက်သည့် အခါတွင်မူ Android market သည် smart phone နှင့် tablet ပေါ်မှသာ ဝင်ရောက်နိုင်သော အရာမဟုတ်တော့။ Web client ကိုသုံးပြီး PC မှ ဝင်ရောက်နိုင်သော နေရာလည်း ဖြစ်လာပါသည်။ Android market webpage ထဲဝင်၍ request လုပ်သော Application များ (အခပေးနှင့်အခမဲ့) တို့ကို download ဆွဲချခွင့်ပြုပါသည်။ သို့သော် Android market ၌ မှတ်ပုံတင်ထားသော device တစ်ခုအား အထောက်အထားကို တောင်းပါမည်။ Download ဆွဲထားသော application တို့ကို ယင်း device တွင်း၌သာ Install လုပ်နိုင်ပါသည်။
၂၀၁၁ ခုနှစ် မတ်လသို့ ရောက်သည့်အခါ Android market သည် အဆင့်ထပ်၍ မြင့်လာပြန်သည်။ Android market တွင် Add-in application တစ်ခုထပ်ထည့်ပြီး ယင်းမှနေ၍
ငွေလက်ခံကာ Application ရောင်းချသော အဆင့်သို့ တက်လာခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် မေလကား Android market ပုံစံပြောင်းသော ကာလဟု ဆိုနိုင်ပါသည်။ New application list ကို သီးခြားဖော်ပြသည်။ အရောင်းရဆုံး application၊ အရောင်းရဆုံး ဆော့ဖ်ဝဲရေးဆွဲသူတို့ကို သာမက အယ်ဒီတာ စိတ်ကြိုက် application တို့ကို သီးခြားစာရင်းများဖြင့် ဖော်ပြလာပါသည်။ ရည်ရွယ်ချက်မှာ Smart phone နှင့် Tablet သုံးစွဲသူတို့အား application များနိုင်သမျှ များအောင် ပြသရန်ဟု ဆိုသည်။
၂၀၁၁ ခုနှစ် ဇူလိုင်လအရောက်တွင်မူ Google သည် Android market တစ်ခုလုံး၏ interface ကို ပြန်လည် ပြင်ဆင်ရေးဆွဲသည်။ အပြင်အဆင်သစ်တွင် content feature ကို
ပိုမိုအလေးပေးလာသည့်ပြင် screen filter များကိုလည်း ပိုမိုထည့်သွင်းလာပါသည်။ အမေရိကန်ပြည်ထောင်စု ဈေးကွက်အတွင်း အွန်လိုင်း စာအုပ်ရောင်းချမှုနှင့် ရုပ်ရှင်ငှားရမ်းမှုကို ဖြည့်စွက် ထည့်သွင်းလာပါသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် Android market ထဲ၌ music store တစ်ခု အသစ်တိုးလာသည်။ ၂၀၁၂ ခုနှစ် မတ်လတွင် Apk application ဖိုင်တစ်ခုအား အမြင့်ဆုံး ခွင့်ပြုအရွယ်အစား 50mb မှအထက်သို့ မြှင့်တင်ပေးခဲ့သည်။ ထို့ကြောင့် 50Mb ရှိသော Apk ဖိုင်အပြင် အပိုဆောင်းဖိုင်နှစ်ခုကို တစ်ခုလျှင် 2Gb နှုန်းဖြင့် ထပ်မံဖြည့်စွက်ခွင့် ပေးခဲ့ပါသည်။ ၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့ အရောက်တွင်မူ Android market ကို Google play store အဖြစ်သို့ အမည်ပြောင်းလဲခဲ့ပါသည်။ ၂၀၁၂ မေလတွင် Google play store တွင် ငွေပေးချေရာ၌ application သုံးပြီး ပေးချေစေသော စနစ်ကို စတင်ကျင့်သုံးခဲ့ပါသည်။
Google play application သည် open source မဟုတ်ပါ။ Google ကသတ်မှတ်ထားသော Compatibility လိုအပ်ချက်နှင့် ကိုက်ညီသော Android device များတွင်သာ ယင်းကို install လုပ်ခွင့်ပြုပါသည်။ ယင်း application ကို သုံး၍သာ Google play store သို့ အခမဲ့ ဝင်ရောက်ခြင်း application များ ရယူခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် google နှင့် လိုင်စင်ဆိုင်ရာ သဘောတူညီချက် ပြုလုပ်ဖို့လည်း လိုအပ်ပါသည်။ အစောပိုင်းတွင် Apple ၏ iPod touch နှင့် ယှဉ်ပြိုင်နိုင်စေရန် Google play နှင့် ချိတ်ဆက်သည့် Android device သည် 3G သို့မဟုတ် 4G ချိတ်ဆက်နိုင်စွမ်းရှိရမည်ဟု သတ်မှတ်ခဲ့သော်လည်း Samsung မှ Galaxy player ထွက်လာချိန်တွင် ယင်းသတ်မှတ်ချက်ကို လျှော့ပေါ့ ပေးခဲ့ပါသည်။
Google play store ၏ အဓိကလုပ်ငန်းမှာ Tablet နှင့် smart phone သုံး Application များရောင်းချရန် ဖြစ်ပါသည်။ သို့သော် Google play သည် application install လုပ်မပေးပါ။ Android device တွင်ပါသော Package Manager Service ကိုသာ install လုပ်ပေးရန် တောင်းဆိုပါသည်။ Apk ဖိုင်တစ်ခုအား device အတွင်းသို့ download ဆွဲချပြီးသည့်အခါ Pack Manager ကို တွေ့မြင်ရပါမည်။ Application များကို များသောအားဖြင့် ဖုန်း၏ Internal storage ထဲတွင် Install လုပ်သော်လည်း အချို့သော အခြေအနေများတွင် external storage card ထဲတွင် install လုပ်ပေးပါသည်။
ယနေ့အချိန်တွင် Google play store သည် အဓိကအားဖြင့် Application များကို ရောင်းချပေးနေပါသည်။ Google play မတိုင်မီ Android market အမည်ဖြင့် စတင်ချိန်က ၂၀၀၉ ခုနှစ် မတ်လ ရောက်ချိန်အထိ application စုစုပေါင်း ၂၃၀၀ သာရှိပါသည်။ ၂၀၁၂ ခုနှစ် ဇွန်လကုန်ဆုံးချိန်တွင် application နှင့် ဂိမ်းပေါင်း ငါးသိန်းအထိရှိနေပြီး download ဆွဲချမှု ၂၀ ဘီလျံ ရှိနေပါသည်။ Google play application ကို အသုံးပြုပြီး Google နှင့် ချိတ်ဆက်မှတ်ပုံတင်ထားသော device မှန်သမျှသည် (အီရန်နိုင်ငံမှလွဲ၍) Google play store မှ အခမဲ့ application နှင့် game များကို ရရှိနိုင်ပါသည်။ အခပေး Application များကိုမူ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၉ နိုင်ငံတွင်သာ တိုက်ရိုက် ရောင်းချနိုင်ပါသေးသည်။
Install လုပ်ပြီးသား application များကို အလိုအလျောက် update လုပ်လိုလျှင်လည်း user က ကြိုတင်ရွေးချယ် သတ်မှတ်ထားနိုင်ပါသည်။ Google play သည် user device နှင့် ကိုက်ညီသော application ကိုသာ download ချနိုင်သည့် filter ထည့်ပေးထားသဖြင့် မိမိစက်နှင့် မကိုက်ညီသော application ကို install မလုပ်မိစေရန် အကူအညီ ပေးနိုင်ပါသည်။ သို့သော် မကောင်းသည့် အချက်မှာ ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု ပေးသူတို့အား tethering application များကို တားမြစ်ခွင့်ပြုထားခြင်း ဖြစ်ပါသည်။
၂၀၁၂ ခုနှစ် ဇွန်လထဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ဆော့ဖ်ဝဲရေးသူများသည် Google play store သို့ အခပေး application များ တင်ပို့ရောင်းချနိုင်ကြပါပြီ။ သို့ရာတွင် မှတ်ပုံတင်ကြေး ၂၅ ဒေါ်လာပေးရန် လိုအပ်ပါသည်။ Application တစ်ခု၏ ရောင်းချတန်ဖိုးမှ ၇၀ ရာခိုင်နှုန်းကို ဆော့ဖ်ဝဲရေးသူက ရရှိပြီး ကျန် ၃၀ ရာခိုင်နှုန်းကို ဖုန်းဝန်ဆောင်မှု ပေးသူနှင့် ငွေကြေး စီမံခန့်ခွဲပေးသူများက ရရှိပါသည်။ Google က အကျိုးအမြတ် ရာခိုင်နှုန်း ခံစားခြင်းမရှိပါ။ ဆော့ဖ်ဝဲရေးသူများသည် Google checkout merchant account သို့မဟုတ် google adsense account မှ တစ်ဆင့် ငွေလက်ခံရရှိပါမည်။
Google play store သည် application နှင့် ဂိမ်းများသာ ရောင်းသည်မဟုတ်ပါ။ ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ထောင်ပေါင်းများစွာအား ငှားရမ်းကြည့်ရှုခြင်း (သို့မဟုတ်) အပြီးအပိုင် ဝယ်ယူခြင်း ဝန်ဆောင်မှုကိုလည်း ပေးပါသည်။ ထိုရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများအား ကြည့်ရှုရန် Google play movie application လိုပါသည်။
တေးသီချင်း ရောင်းချရေး ဝန်ဆောင်မှုမှာမူ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် music store အမည်ဖြင့် စတင်ခဲ့သည်။ Music store သည် Google+ ၏ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်သည်။ တေးသီချင်းတစ်ပုဒ်ကို ရောင်းချရာ၌ ၁.၂၉ ဒေါ်လာ၊ ၀.၉၉ ဒေါ်လာ၊ ၀.၆၉ ဒေါ်လာနှင့် အခမဲ့ဟူ၍ အတန်းအစား လေးမျိုး ခွဲခြားထားပါသည်။ ယခုအချိန်တွင် Music store ၌ Universal Music Group, EMI နှင့် Sony Music Entertainment တို့မှ အဓိက ပါဝင်ရောင်းချလျက် ရှိပါသည်။
Google play store ၏ အထင်ကရ မဟုတ်သော လုပ်ငန်းတွင် စာအုပ်ရောင်းချခြင်း ပါဝင်ပါသည်။ Google play store တွင် အခမဲ့ စာအုပ်ပေါင်း ၃ သန်းခန့်ရှိပြီး အခပေး ရောင်းချသည့် စာအုပ်ပေါင်း ထောင်ချီ၍ရှိပါသည်။ Google play website ထဲဝင်၍ စာအုပ်ဖတ်နိုင်သလို Android application သုံး၍ offline လည်း ဖတ်နိုင်ပါသည်။
၂၀၁၂ ခုနှစ် သြဂုတ်လတွင် Google သည် Nexus device များရောင်းချခြင်းကို Google play store မှနေ၍ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်-
YKKM