Friday, February 6, 2015

ဘာလဲ stock, stock market ဆိုတာ ?

Filed Under Capital Market, Education, Stock ငယ်ငယ်လေးတည်းက စာရေးသူ ဒီမေးခွန်းကို မေးဖူးပါတယ်။ stock ဆိုတာဘာလဲ။ ဘာလုပ်လို့ရသလဲ။ stock နဲ့စီးပွားရေးနဲ့ ဘယ်လိုပတ်သက်လို့ သူ့ကြောင်းပြောနေရတာလဲ စသဖြင့်ပါ။ စာပုဒ်လေးကို ရေးရတဲ့ အကြောင်းအရင်း ကတော့ စာရေးသူလိုပဲ သိချင်တဲ့သူတွေအတွက် ရည်စူးပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလဲ အကျယ်တ၀င့် ရေးသွားမှာပါ။ Stock ဆိုတဲ့ အစုရှယ်ရာတွေကို မြန်မာတွေ ရင်းနှီးကြမယ်လို့ယူဆပါတယ်။ မြန်မာမှာ stock market မရှိသေးပေမဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက အစုရှယ်ရာ ရောင်းချတာတွေရှိပါတယ်။ ဒါဆိုရင် stock ဆိုတာ ဘာပါလဲ။ stock ကိုပိုင်ဆိုင်တယ် ဆိုတာ စီးပွားရေးလုပ်တဲ့ ကုမ္ပဏီကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ခြင်းမျိုးပါပဲ။ ဥပမာ။ စာဖတ်သူက ကုန်စုံဆိုင်လေးတစ်ဆိုင် တည်ချင်လို့ဆိုပါတော့။ တည်ရင် ၁၀ သိန်းကုန်ကျမယ်လို့ စာဖတ်သူ ယူဆပါတယ်။ ဒါပေမဲ့စာဖတ်သူဆီမှာ လိုအပ်တဲ့ပိုက်ဆံအားလုံးမရှိပါဘူး။ အဲဒီလိုဆိုတော့ စာဖတ်သူက ကိုယ့်ဆိုင်ကို ဆယ်ပုံပုံဖို့စဉ်းစားပါတယ်။ တစ်ပုံကို တစ်သိန်းတန်ပါတယ်။ အဲဒီ ၁၀ ပုံက shares of stock (အစုရှယ်ယာ) လို့ခေါ်ပါတယ်။ တစ်သိန်းက share တစ်ခုရဲ့ဈေးနူန်းပါ။ Price of a share လို့ခေါ်ပါတယ်။ မိသားစုဝင် ဆယ်ယောက်က စာဖတ်သူရဲ့ stocks တွေကိုဝယ်လိုက်ပါတယ်။ စာဖတ်သူက ပိုင်ဆိုင်ကြောင်း တရာဝင် စာရွက်ကိုထုတ်ပေးပါတယ်။ စာရေးသူဆီမှာ လိုချင်တဲ့ ၁၀ သိန်းရပါပြီ။ Microsoft Stock Certificate တစ်နှစ်ကြာပြီးတဲ့ အခါ စာဖတ်သူရဲ့ဆိုင်က အမြတ် ၁သိန်းရပါတယ်။ အဲဒီ အမြတ်ကို stock ၁၀ခုနဲ့စားလိုက်ပါ။ share တစ်ခုအတွက် အမြတ် ၁ သောင်းရပါတယ်။ ရှယ်ယာတစ်ခုပေါ်က ၁သောင်း အမြတ်ကို earnings per share (EPS) လို့ခေါ်ကြပါတယ်။ အဲဒါနဲ့ စာဖတ်သူက ဒါရိုက်တာအဖွဲ့ board of directors (ရှယ်ယာပိုင်ရှင်တွေက စီးပွားရေးကို သူတို့ကိုယ်တိုင် မစောင့်လျှောက်နိုင်လို့ ခန့်ထားတဲ့ လူတွေပါ) ကိုခေါ်ပြီး အမြတ် ၁သောင်းထဲမှ အစုရှယ်ရာဝင်တွေအတွက် ၅၀၀၀ ကိုအမြတ်အဖြစ် ပြန်ပေးဖို့ဆုံးဖြတ်ပါတယ်။ အဲဒီ ရှယ်ယာပေါ်မှာ ပေးတဲ့ အမြတ်ကို dividend လို့ခေါ်ပါတယ်။ ကျန်တဲ့ ၅၀၀၀ ကိုတော့ စီးပွားရေးချဲ့ထွင်ဖို့အတွက် ကုမ္ပဏီထဲပြန်ထည့်ပါတယ်။ အဲဒါကိုတော့ retained earning လို့ခေါ်ပါတယ်။ အမြတ် ၁ သောင်းလုံး ကိုလဲ အစုရှယ်ယာပိုင်ရှင်တွေကိုပေးလိုက်လို့ရပါတယ်။ ဒါပေမဲ့ အားလုံးပေးလိုက်တဲ့အခါ ကုမ္ပဏီကို ချဲ့ထွင်ဖို့၊ ကုမ္ပဏီရဲ့ကုန်ကျစရိတ်တွေအတွက် သုံးဖို့မရှိတော့ပါဘူး။ အားလုံးဆုံးဖြတ်ချက်ချပြီးသွားတဲ့ အခါမှာတော့ အစုရှယ်ယာဝင်တွေကို ကြေညာပါတယ်။ အစည်းအဝေးခေါ်လို့လဲရပါတယ်။ ယခုမြန်မာပြည်မှအစုရှယ်ယာပိုင်ရှင် အစည်းအဝေးတွေလဲ တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေက အစည်းအဝေးတွေနဲ့မခြားပါဘူး။ ကုမ္ပဏီရဲ့အမြတ်တွေအကြောင်း၊ ငွေရေးကြေးရေးတွေ အကြောင်း၊ ရေတိုရေရှည် ခန့်မှန်းချက်တွေအကြောင်းပြောပြကြတာချည်းပါပဲ။ ဒါပေမဲ့ ယခုမြန်မာ့ ရင်းနှီးမြုပ်နှံသူ investor တွေကတော့ dividend ကလွဲပြီး တခြားဝင်ငွေမရကြပါဘူး။ stock market မရှိလို့ပါ။ stock market မှာ ကိုယ်ပိုင်တဲ့ stock တွေကို လွတ်လပ်စွာ ၀ယ်ယူခွင့်ရှိသလို၊ ရောင်းချင်တဲ့ stock ကိုလဲရောင်းနိုင်ပါတယ်။ ကြားခံ ပွဲစား broker ကနေတဆင့်ဝယ်ရောင်းလုပ်တာပါ။ ၀ယ်ရောင်းလုပ်ရာကနေ မြတ်နိုင်ပါတယ်။ stock market ကလိုလားလို့ မေးနိုင်ပါတယ်။ stock market ရှိတော့ ကုမ္ပဏီ အသေးအကြီးအများကြီး ဖွင့်လာနိုင်ဖို့ရှိပါတယ်။ လုပ်သားတွေအတွက် အလုပ်အခွင့်အရေးတွေ အများကြီးပိုပွင့်လာမယ်။ တိုင်းပြည်ရဲ့ ထုတ်ကုန်တိုးတက်လာမှာဖြစ်ပါတယ်။ လူနေမှုအဆင့်အတန်းပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။ ယခုတလောလေးတင်ကပဲ မြန်မာပြည်မှာ stock market ဖွင့်မဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။ ပုံမှန်အရ stock market ဖွင့်မဲ့ သတင်းဟာ သတင်းကောင်းပါ။ Myanmar looks at stock market to attract capital သို့သော် stock market ကိုလွယ်လွယ်နဲ့ ဖွင့်လိုက်လို့ရတဲ့အရာ မဟုတ်ပါဘူး။ stock market ကိုယုံယုံကြည်ကြည် နှင့်ရင်းနှီးမြုပ်နှံသူတွေများလာမှသာ အထက်ပါ အကျိုးခံစားခွင့်တွေရလာမှာပါ။ ဥပမာ။ ကုမ္ပဏီတွေက ၀င်ငွေ၊ ထွက်ငွေ၊ အမြတ်တွေကို အမှန်အကန်မပြဘဲ လိမ်လည်မယ်၊ အစုရှယ်ယာဝင်တွေပေါ်မှာ စာရင်းလိမ်မယ်ဆိုရင် ရင်းနှီးမြုပ်နှံသူတွေက မမြုပ်နှံချင်ကြပါဘူး။ နောက်ပြီး တကိုယ်တော်သမားတွေက ကုမ္ပဏီအတွင်းက အရေးကြီးသတင်းတွေနဲ့ မတရားနည်းလမ်းတွေသုံးပြီး အမြတ်ထုတ်တာတွေ၊ stock ဈေးကစားတာမျိုးတွေကို အစိုးရက အပြစ်မယူဘဲ လွှတ်ထားမယ်ဆိုရင် stock market ပေါ်မှာ ရင်းနှီးမြုပ်နှံဖို့ ယုံကြည်ချက်ရှိမှာ မဟုတ်ပါဘူး။ အဲဒီလိုဆိုရင် နဂိုမူလအတိုင်းပဲ အကျိုးမထူးတဲ့ အဖြစ်ပဲ ရောက်မှာပါ။ ထိုသို့ stock market ကိုဖွင့်ပေးဖို့ စဉ်းစားတော့မယ်ဆိုရင် ကုမ္ပဏီတွေရဲ့ စာရင်းတွေကိုစစ်ဖို့ စာရင်းစစ်တွေလိုပါမယ်။ စာရင်းဟောင်းတွေကို ထိန်းသိမ်းဖို့လိုပါတယ်။ အစိုးရအနေနဲ့လဲ တရားဥပဒေနဲ့ အညီ ထိုလိမ်လည်တဲ့ ကုမ္ပဏီတွေကို ပြစ်ဒဏ်ချရပါမယ်။ ၀င်ငွေခွန်တွေကိုလဲ ကုမ္ပဏီတိုင်း စနစ်တကျကောက်ခံဖို့လိုပါတယ်။ ထို့အပြင် အတွင်းသတင်းနဲ့ ဈေးကစားတဲ့ သူတွေ၊ အတွင်းသတင်းနဲ့ အမြတ်ထုတ်တဲ့သူတွေကို အပြစ်ချမှတ်ရမှာ ဖြစ်သလို၊ မဖြစ်အောင်ကာကွယ်မဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့လိုပါတယ်။ ဒီ post လေးက stock နဲ့ stock market အကြောင်းကို အကျဉ်းချုပ်တင်ပြတာပါ။
By ရီရီမြင့်
YKKM

No comments: