Friday, June 30, 2017

ဝင်းဒိုး ကွန်ပြူတာ နဲ့ LAN (local area network),

အင်တာနက် ကို အသုံးပြု တဲ့ အခါ၊ connection ကျ တဲ့ အခါ မျိုးတွေ ရှိတတ်ပါတယ်၊ အဲဒီ အခါမှာ ဘယ်နေရာ ကြောင့် ဖြစ်လဲ ဆို တာကို ရှာဖွေ စစ်ဆေးရပါမယ်၊ အခု ဖေါ်ပြတဲ့ Windows Network Diagnostic Commands များ က တော့ network troubleshooting အတွက် အသုံး ဝင်ပါလိမ့်မယ်၊ အသိပေး လိုသည် မှာ diagnose လုပ်ရာတွင် ယခု ဖေါ်ပြသော Windows Network Diagnostic Commands များ သာ မက၊ networking အခြေခံ များ ဖြစ်သော IP address, subnet mask, default gateway, DHCP Server, DNS Servers ဆိုတာ တွေကို နားလည်ဖို့ လိုအပ်ပါတယ်၊ ဥပမာ။  ။ subnet mask ဆိုတာ ဘာလဲ? Default gateway ကို ဘယ် အတွက် အသုံးပြုတယ်၊  DHCP Server ဘယ်လို အလုပ် လုပ် လဲ? စ သဖြင့် နားလည် သဘော ပေါက် ရန် လိုအပ်ပါတယ်၊ networking အခြေခံ များ ကို သိ မှ သာ၊ network disgnostic commands များ ကို အသုံးပြု ၍ ဆက်စပ် စဉ်းစား နိုင်ပါလိမ့်မည်၊ ယခု ရေးသား ဖေါ်ပြ ချက် သည် သိနှင့် ပြီးသား သူ များ အတွက် မဟုတ်ပဲ၊ စတင် လေ့လာ မည့် သူများ အတွက် ဖြစ်ပါတယ်။

ipconfig ဆိုတဲ့ command က တော့ အသုံးပြုထား တဲ့ network interface တခု (သို့) တခု ထက် ပို တဲ့ network interface များ အတွက်  IP address, subnet mask  နဲ့ default gateway တို့ ကို ဖေါ်ပြပေးနိုင်တဲ့ အတွက် အသုံးဝင်ပါတယ်၊ ကွန်ပြူတာ တလုံးကနေ network, အင်တာနက် တို့ နဲ့ အဆက် အသွယ် ရ မရ diagnose လုပ်ရာ မှာ အရင်ဦးဆုံး စစ်ဆေး သင့် သည် က အဲဒီ ကွန်ပြူတာ အသုံးပြု နေတဲ့ network interface card သည် ရသင့်တဲ့ IP address, subnet mask  နဲ့ default gateway ရ မရကို စစ်ဆေးရပါမယ်၊ အကယ်၍ ရသင့်သော IP address, subnet mask  နဲ့ default gateway မရပါက၊ ဘာကြောင့် မရ သည် ကို ဆက်လက် စစ်ဆေး ရမည် ဖြစ်သည်။

IP address, subnet mask  နဲ့ default gateway စ သည့် အချက် အလက် များ အပြင် network interface ၏ အချက်အလက် များ အား လုံး ကို ပြည့်ပြည့် စုံစုံ သိချင်ပါက “ipconfig /all” ကို အသုံးပြု ၍ ရှာဖွေ နိုင်ပါတယ်၊ ထိုသို့ အသုံးပြုရှာဖွေပါက၊ IP address, subnet mask  နဲ့ default gateway တို့ အပြင် network interface card ၏ MAC address, DHCP Server, DNS Servers တို့ ၏ IP address များ ကိုပါ ဖေါ်ပြပေးမည် ဖြစ်ပေသည်။

“ipconfig /release” “ipconfig /renew” command သည် specific adapter ၏ အမည် ကို ထည့်သွင်း ဖေါ်ပြခြင်း မရှိ ပါက၊ ကွန်ပြူတာ တွင် ရှိသော network interface card အားလုံး ကို “release” လုပ်ပေးခြင်း၊ “renew” လုပ်ပေးခြင်း များ ပြုလုပ် ပေးမည် ဖြစ်သည်၊ “release” လုပ်ပေးခြင်း ဆိုသည် မှာ၊ ကွန်ပြူတာ ၏ network interface card နှင့် bind ဖြစ်နေသော IP address, subnet mask, default gateway, DHCP server, DNS servers များ ၏ အချက်အလက် များ ကို ဖယ်ရှားပစ် လိုက်ခြင်းဖြစ်ပေသည်၊ “renew” လုပ်ပေးခြင်း ဆိုသည် မှာ၊ ကွန်ပြူတာ ၏ network interface card နှင့် bind ဖြစ်နေသော IP address, subnet mask, default gateway, DHCP server, DNS servers များ ၏ အချက်အလက် များ ကို အသစ်တဖန် ရရှိစေ ခြင်းဖြစ်ပေသည်။

ipconfig command ၏ အသုံးပြုပုံ အသေး စိတ်ကို ကြည့်ရန် “ipconfig /?” ကို ရိုက်နှိပ်ရပါမည်။

“ipconfig /flushdns” ဆိုတဲ့ command လည်း ရှိပါသေးတယ်၊ အင်တာနက် အသုံးပြုကြတဲ့ အခါ၊ ဥပမာ။  ။ web server ကို ကြည့် တဲ့ အခါ၊ အဲဒီ web server ၏ “ipaddress” သည် DNS cache မှာ သိမ်းဆည်းထားရပါတယ်၊ DNS cache ကို update မပြုလုပ် ခင်၊ web server ၏ ipaddress ပြောင်းလည်း သွားပါက၊ မကြာသေး ခင် က မှ browse ပြုလုပ်နိုင်သော web server ကို browse လုပ်၍ မရ နိုင်သော အခြေအနေ ကို ကြုံတွေ့ ရနိုင်ပါတယ်၊ အဲဒီ လို အခါမျိုး မှာ “ipconfig /flushdns” ဆိုတဲ့ command က DNS chche  ကို clear လုပ်ပေးပါလိမ့်မယ်၊ “ipconfig /flushdns” ကို run ဖို့ administrator right လိုအပ်ပါတယ်။

########

Windows Network Diagnostic Commands တွေ ထဲက နောက် command တခု ဖြစ် တဲ့ “getmac” ဆို တဲ့ command ကို ဖေါ်ပြပါမယ်၊ getmac command က တော့ ကွန်ပြူတာ မှာ ရှိ တဲ့ network adapters တွေရဲ့ MAC address (သို့) Physical address တွေကို ဖေါ်ပြပေးနိုင်ပါတယ်၊

“getmac” command ကို parameter မပါပဲ အသုံးပြုပါက၊ local computer မှာ ရှိတဲ့၊ network adapters များ၏ MAC address (သို့) Physical address ကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်၊ “getmac /S \\computer1” ဆိုရင်တော့ remote computer တလုံး၏MAC address (သို့) Physical address ကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်၊ “getmac” command ၏ အသုံးပြု မှု ကို အသေးစိတ် သိရှိ ရန် အတွက် “getmac /?” ဖြင့် ရှာနိုင်ပါသည်။

နောက် command တခု ဖြစ် တဲ့ arp command က တော့ network devices တွေရဲ့၊ arp (address resolution protocol) information ကို ဖေါ်ပြပေးပါတယ်၊ အောက်ဖေါ်ပြပါ ဥပမာ သည် “arp -a” command ကို run ခြင်းဖြင့် ရရှိလာ သော အချက် အလက် များပင် ဖြစ်သည်။

C:\Users\admin>arp -a

Interface: 192.168.0.101 --- 0xe

Internet Address      Physical Address      Type

192.168.0.1            06-00-00-0d-05-04     dynamic

192.168.0.255         ff-ff-ff-ff-ff-ff                static

224.0.0.22               03-00-5f-00-00-16     static

224.0.0.251             05-00-5f-00-00-fb     static

224.0.0.252             06-00-5f-00-00-fc     static

239.255.255.250      08-00-5f-7f-ff-fa       static

255.255.255.255      ff-ff-ff-ff-ff-ff          static

နောက် arp command ၏ ဥပမာ တခု ကို ဖေါ်ပြပါမည်။

arp -s 220.0.0.161 00-50-04-62-F7-23

အထက်တွင် ဖေါ်ပြသော arp command ဥပမာ တွင် ip address 220.0.0.161 ရှိသော network device ၏ Physical address 00-50-04-62-F7-23 ကို arp entry ထဲ သို့ ထည့်သွင်းပေး မည်၊ arp command ကို အသေးစိတ် သိရှိ လိုပါက၊ “arp /?” ဖြင့် ရှာ ဖွေ နိုင်ပါသည်။

နောက် command တခု ဖြစ်တဲ့ “nbtstat command” ကတော့ NetBIOS name ပြဿ နာ ကို ဖြေရှင်း တဲ့ အခါ မျိုးမှာ အသုံးပြု ပါတယ်၊ NetBIOS name ဆိုတာ ကတော့  NetBIOS over TCP/IP (NetBT) ကို အသုံးပြုတဲ့ network တွေ မှာ network resource တွေကို သတ်မှတ် (identify) ပြုလုပ်ရန် အသုံးပြုတဲ့ “unique identifier”  ပဲ ဖြစ်ပါတယ်။

“nbtstat -n” command ကို local NetBIOS name များကို သိရှိ လို တဲ့ အခါမျိုးမှာ အသုံးပြုပါတယ်။

“nbtstat -A 204.224.150.3” ကို အသုံးပြုတဲ့ အခါ၊ remote ip address 204.224.150.3 တွင် ရှိသော NetBIOS name များကို ဖေါ်ပြပေးမည် ဖြစ်သည်။

“nbtstat -a computer001” ကို အသုံးပြုသော အခါ၊ remote machine name “computer001” တွင် ရှိသော NetBIOS name များကို ဖေါ်ပြပေးမည် ဖြစ်သည်။

“nbtstat /?” ဖြင့် nbtstat command ကို အသုံးပြုပုံ အသေး စိတ်ကို ဖတ်ရှု နိုင်ပေသည်။

######

Windows Network Diagnostic Commands ထဲ မှာ “telnet command” သည် လည်း တခု အပါ အဝင် ဖြစ်ပါတယ်၊ “telnet command” ကို အသုံးပြုပြီး၊ computer (ဥပမာ။  ။ telnet server ပိုင်း ကို အင်စတော လုပ်ထား တဲ့ ဆာဗာ တလုံး)၊ network device (ဥပမာ။  ။ switch, router, security appliance) တို့ ကို အဝေး မှ နေ၍ ဆက်သွယ်ပြီး၊ setup ပြုလုပ်ခြင်း၊ manage ပြုလုပ်ခြင်း တို့ ကို ပြုလုပ် နိုင်ပါတယ်။

သတိပြု ရန် မှာ “telnet” ဖြင့် အသုံးပြုနေ စဉ်  telnet session တွင် data ကို အပြန်အလှန် ဆက်သွယ် ပေးပို့ မှု အားလုံး သည် “plain text” ဖြစ်သော ကြောင့်၊ security အတွက် အရေး ကြီး သော နေရာ များ တွင် မူ၊ data ကို encrypt ပြုလုပ် ကာ ပေးပို့သော၊ SSH (Secure Socket Shell) ကို အသုံးပြုသင့်ပါတယ်၊ SSH တွင် အသုံးများ သော software တခု ဖြစ်သည့်၊ “PuTTY” ကို https://goo.gl/XbTF မှ download လုပ်နိုင်ပါသည်။

Windows 7 မှ စ၍၊ နောက်ပိုင်း Windows များ တွင် “telnet” ကို default enable ပြုလုပ်ထား ခြင်း မရှိပေ၊ ထို့ကြောင့် အသုံးပြုလိုပါက၊ အောက်ပါ နည်း နှစ်နည်း ကို အသုံးပြု၍၊ “enable” ပြုလုပ်နိုင်ပါတယ်။

Method 1 (Control Panel မှ တဆင့် “Enable” ပြုလုပ်ခြင်:)

Control panel မှ တဆင့် “Enable” ပြုလုပ် ရန် အောက်ပါ အတိုင်း လုပ်ဆောင် ရမည် ဖြစ်သည်။

(၁) ဝင်းဒိုး ၏ “Control Panel“ ကို ဖွင့်ပါ။

(၂) “Programs and Features” ကို ဖွင့်ပါ။

(၃) “Turn Windows features on or off ” ကို ရွှေးချယ်ပါ။

(၄) “Telnet Client” box ကို check လုပ်ပါ။

ထို အခါ “Telnet Client” နှင့် သက်ဆိုင် သော ဖိုင် များ ကို install လုပ် သွားပါလိမ့်မည်။

Method 2 (command line မှ တဆင့် ပြုလုပ်ခြင်း)

(၁) Command Prompt ကို ဖွင့်ပါ။

(၂) Command Prompt တွင် pkgmgr /iu:"TelnetClient" ကို ရိုက်ပေးပါ။

ထို အခါ “Telnet Client” နှင့် သက်ဆိုင် သော ဖိုင် များ ကို install လုပ် သွားပါလိမ့်မည်။

“telnet /?” ဖြင့် telnet command ၏ အသုံးပြု ပုံ အသေး စိတ် ကို သိရှိနိုင်ပါသည်။

ဥပမာ။  ။ telnet 192.168.0.101 ကို အသုံးပြု ခြင်း သည်၊ IP address 192.168.0.101 ၏ telnet server ကို access ပြုလုပ်ခြင်း ဖြစ်သည်၊ ပုံမှန် အား ဖြင့် ဆာဗာ ကို access ပြုလုပ် ပြီးနောက် login credential ပေါ်လာပြီး၊ (login name, password) တို့ ကို ထည့်သွင်း ပေးရမည်ဖြစ်သည်၊ အသေး စိတ် ကို ပုံ(၁)၊ ပုံ(၂)၊ ပုံ (၃) တွင် ကြည့်ပေးပါ။

telnet command ၏ အသုံးဝင် မှု တခု မှာ remote computer တွင် ရှိသော သက်ဆိုင်ရာ service သည် run နေပြီး၊ access ပြုလုပ်၍ ရ မရ ကို စစ်ဆေး နိုင်ခြင်း ဖြစ်သည်၊ ဥပမာ။  ။ microsoft.com domain သည် HTTP service (web server) run နေပြီး၊ access ပြု လုပ် ၍ ရ မရ ကို ပုံ (၄) အတိုင်း စစ်ဆေး နိုင်ပေသည်။

C:\Users\admin>telnet microsoft.com 80

အကယ် ၍ HTTP service သည်  run နေပြီး access ပြုလုပ် နိုင်ပါက ပုံ (၅) အတိုင်း တွေ့ရမည် ဖြစ်သည်၊ ထို့ အတူ အခြား service များ ကို လည်း ၎င်း တို့ နှင့် သက်ဆိုင်သော TCP/IP port များ ကို အသုံးပြု ကာ စမ်းသပ် ကြည့် နိုင်ပါတယ်။

#####

Windows Network Diagnostic Commands တွေ ထဲ က၊ နောက် command တခု ဖြစ်တဲ့ “route command” အကြောင်းကို ပြောပါမယ်။

“route command” ကို အသုံးပြု ပြီး၊ ဝင်းဒိုး ကွန်ပြူတာ တလုံး၏ routing table ကို ကြည့်လို့ ရပါတယ်၊ routing table အကြောင်း ကို အနည်းငယ် ရှင်းပြလိုပါတယ်၊ တကယ်တော့ TCP/IP protocol ကို အသုံးပြုပြီး၊ data တွေကို network ကနေ တဆင့် ပို့ဆောင် တဲ့ အခါ၊ တခါ တည်း၊ data အကုန်လုံးကို သက်ဆိုင်ရာ destination (computer, switch, router, server, etc.) ဆီ ကို ပို့ တာ မဟုတ်ပါဘူး၊ packet လို့ ဆိုတဲ့ data တွေကို အပိုင်းလိုက် ပို့ပေးပြီး၊ လက်ခံ တဲ့ နေရာ ကို ရောက်တော့ မှ အဲဒီ packet တွေကို ပြန်ဆက်ပြီး၊ ပို့လိုက် တဲ့ data ကို ပြန်လည် assemble လုပ်ကာ ရယူ ခြင်းမျိုးဖြစ်ပါတယ်။

Packet တွေကို ပို့ပေးရာ မှာ၊ သူတို့သည် သူ တို့ သွား နေတဲ့ final destination ကို မရောက်ခင် router များ ကို ဖြတ်သန်းသွား လာရပါတယ်၊ အဲဒီ လို သွား လာရာ မှာ packet တွေ final destination ကို ရောက် ဖို့၊ ဘယ်လို လမ်းကြောင်း နဲ့ သွား လာ မလဲ? ဘယ်လို သွား လာ ရင် လမ်းကြောင်း အတိုဆုံး နဲ့ အကောင်း ဆုံး ဖြစ် မလဲ ဆိုတာ ကို router တွေ က ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်၊ packet သွားလာ မယ့် လမ်းကြောင်း ၏ link speed မြန်ဆန်မှု၊ router ဘယ် နှစ် လုံးလောက် ကို ဖြတ် ပြီး သွား ရင် လမ်းကြောင်း တို မလဲ ဆိုတာ တွေ ကို ထည့်သွင်း စဉ်းစား ရမှာ ဖြစ်ပါတယ်။

Windows PC တွေ သာမက router များ သည် “dynamic routing” ကို အသုံးပြု ကာ router တလုံး နှင့် တလုံး information မျာ အပြန်အလှန် ပေး ပို့ကာ packet များ ကို ဘယ် လို ပို့ပေးလျှင် အကောင်း ဆုံးဖြစ်မလဲ ဆိုတာ ကို လေ့လာ ကြပါတယ်၊ အဲဒီ လို route လုပ်ပေး နိုင်တဲ့ physical router ပဲ ဖြစ်ဖြစ်၊ PC တလုံး ပဲ ဖြစ်ဖြစ်၊ မှာ “routing table” ဆိုတာ ရှိပါတယ်၊ “routing table” သည် packet များ ၎င်း နေရာ မှ ထွက် တဲ့ အခါ ဘယ်သွား ရမယ် ဆိုတာ ကို ညွှန်ပြပေး တဲ့ ဇယား တခု ပဲ ဖြစ်ပါတယ်။

ဝင်းဒိုး ကွန်ပြူတာ တလုံး မှာ ရှိ တဲ့ “routing table” ကို သိဖို့ ရန် အတွက် “route print” command ကို အသုံးပြုနိုင်ပါတယ်၊ ပုံ (၁) တွင် ကြည့်ရှုပါ၊ အဲဒီ “routing table” မှာ packet တွေ သူ့တို့ ရဲ့ destination ထွက်ခွါမယ့် လမ်းကြောင်း ကို network destination, gateway address တွေ နဲ့ ဖေါ်ပြထားပါတယ်။

> route PRINT

“routing command” ကို static route ကို add/delete/change လုပ်တဲ့ အခါမျိုးတွေ မှာ လည်း အသုံးပြုလေ့ရှိပါတယ်၊ ဥပမာ။  ။ static route တခု ကို add လုပ်ချင်ရင် အောက်ပါ syntax အတိုင်း အသုံးပြု နိုင်ပါတယ်။

route ADD destination_network MASK subnet_mask  gateway_ip metric_cost

subnet_mask နဲ့ metric_cost တို့ သည် optional ဖြစ်ပါတယ်၊ အကယ်၍ subnet_mask ကို ထည့်သွင်း အသုံးမပြုရင်၊ 255.255.255.0 ကို ပဲ ဝင်းဒိုး က အသုံးပြုပေး သွားပါမယ်၊ အကယ်၍ metric_cost ကို ထည့်သွင်း အသုံး မပြုဘူး ဆိုရင်တော့၊ 0.0.0.0 network destination ရဲ့ metric ထက် တခု ကြီးတဲ့ metic ကို ဝင်းဒိုး က ထည့်သွင်း အသုံးပြုပေးသွား မည် ဖြစ်သည်။

Metric ဆိုတာ က တော့  link speed, hop count, or time delay တို့ အပေါ် မူတည် ဆုံးဖြတ် ရတဲ့ တန်ဖိုး တခု ပဲ ဖြစ်ပါတယ်၊ ဝင်းဒိုး အသုံးပြု တဲ့ “automatic metric” ဆိုတာ ကတော့ link speed အပေါ်မူတည် စဉ်းစား ပြီး၊ metric ကို local route အတွက် auto configure လုပ်ပေးခြင်းမျိုး ဖြစ်ပေသည်၊ “automatic metric” သည် ဝင်းဒိုးတွင် default enable ဖြစ်ပါတယ်။

“automatic metric” ကို အနည်းငယ် ရှင်းပြလိုပါတယ်၊ အကယ်၍ ကွန်ပြူတာ တလုံးတွင် 10 Mb network interface  နဲ့ 100 Mb network interface card နှစ်ခုရှိပြီး၊ network interface card နှစ်ခု စလုံးတွင်လည်း  default gateway ကို configure လုပ်ထား သည် ဆိုကြပါစို့၊ ထိုအခါ “automatic metric” က နှေးတဲ့ 10 MB network interface card ကို higher metric ပေးသွား မှာ ဖြစ်ပါတယ်၊

အကယ်၍ 192.168.35.0 subnet ကို သွား မယ့် packet အားလုံး အတွက် gateway address 192.168.0.2 ကို သတ်မှတ် ပြီး၊  “automatic metric” ကို အသုံးပြု ၍ static route တခု ကို အောက်ပါ အတိုင်း add လုပ်နိုင်ပါတယ်၊ ပုံ(၂) ကို ကြည့်ပါ။

route ADD 192.168.35.0 MASK 255.255.255.0 192.168.0.2

အပေါ်က command ကို run ပြီး တဲ့ အခါ၊ “route print” command ကို အသုံးပြုပါက ပုံ(၃) အတိုင်း တွေ့ ရှိရပေမည်။

“route command” ၏ အသေး စိတ် ကို route /? ဖြင့် ရှာ ဖွေ နိုင်ပါသည်။

#####

Windows Network Diagnostic Commands တွေထဲ က နောက်တခု က တော့ “ping” ပဲ ဖြစ်ပါတယ်၊ တကယ်လို့ ကွန်ပြူတာ တလုံးသည် network connection ကျသည် ဖြစ်စေ၊ အင်တာနက် မရ သည် ဖြစ်စေ၊ ကွန်ပြူတာ ၏ network interface သည် ရှိသင့်သော IP address, subnet mask, gateway address, DNS server address တို့ ရရှိနေပါက၊ ping command ကို အသုံးပြု ကာ gateway, router တို့ကို ping လုပ်ကာ စစ်ဆေးသင့်ပေသည်၊ ဥပမာ။   ။ မိမိ ကွန်ပြူတာ ၏ gateway ip address သည် 192.168.0.1 ဖြစ်ပါက၊ ၎င်း ip address ကို စစ် လိုပါက “ping 192.168.0.1” command ဖြင့် စစ်ဆေး နိုင်ပါသည်၊ အကယ်၍ “ping” ပြုလုပ်နိုင်ပါက မိမိ ကွန်ပြူတာ နှင့် gateway အကြား တွင် အဆက် အသွယ် ရှိနေကြောင်း ကို ပြသ နေပေသည်၊ ping test ပြုလုပ် ၍ ရသော ရလဒ် နမူနာ ကို အောက်တွင် ဖေါ်ပြထားပါသည်။

C:\Users\admin>ping 192.168.0.1

Pinging 192.168.0.1 with 32 bytes of data:

Reply from 192.168.0.1: bytes=32 time=1ms TTL=64

Reply from 192.168.0.1: bytes=32 time=2ms TTL=64

Reply from 192.168.0.1: bytes=32 time=2ms TTL=64

Reply from 192.168.0.1: bytes=32 time=1ms TTL=64

Ping statistics for 192.168.0.1:

Packets: Sent = 4, Received = 4, Lost = 0 (0% loss),

Approximate round trip times in milli-seconds:

Minimum = 1ms, Maximum = 2ms, Average = 1ms

Ping command နှင့် သက်ဆိုင်သော အသေးစိတ်  အသုံးပြု ပုံ ကို “ping /?” ဖြင့် ရှာဖွေ နိုင်ပါသည်။

“ping -t” command ကို အသုံးပြုပါက၊ ping ပြုလုပ်လို သော ip address ကို စဉ်ဆက် မပြတ်၊ ping ပြုလုပ်နိုင်ပေသည်၊ ဥပမာ။  ။ “ping -t 192.168.0.1” ဟု ဖြစ်ပါသည်၊ statistics ကို ကြည့်ပြီး၊ ping ဆက်လက်ပြုလုပ်ရန်၊ Clt+Break ကို အသုံးပြု နိုင်ပါသည်၊ Clt+C ကို အသုံးပြု ၍ ping ပြုလုပ်ခြင်း ကို ရပ်နိုင်ပါသည်။

“Ping -a” command ကို အသုံးပြုခြင်းဖြင့်၊ ip address ကို ping လုပ်နိုင်သည် သာ မက၊ ၎င်း ip address ၏ hostname ကိုပါ resolve လုပ်ပေး နိုင်ပေသည်၊ ဥပမာ။   ။ “ping -a 192.168.0.101” ဟူ၍ ဖြစ်ပါသည်။

Windows Network Diagnostic Command နောက်တခု ကတော့ “nslookup” command ပဲ ဖြစ်ပါတယ်၊ “nslookup” command ကို အသုံးပြုပြီး၊ ဆာဗာတခု ၏ DNS name (domain name system) ကို resolve လုပ်နိုင်ပါတယ်၊ အောက်တွင် ဖေါ်ပြထား သော ဥပမာ ကို ကြည့်ပါ။

C:\Users\admin>nslookup microsoft.com

Server:  UnKnown

Address:  192.168.0.1

Non-authoritative answer:

Name:    microsoft.com

Addresses:  191.239.213.197

                   104.40.211.35

                   104.43.195.251

                   23.100.122.175

                   23.96.52.53

အထက် ပါ ဖေါ်ပြချက် တွင် မိမိ ကွန်ပြူတာ အသုံးပြုနေသော DNS ဆာဗာ ၏ ip address သည် 192.168.0.1 ဖြစ်သည်၊ “nslookup microsoft.com” command သည် “microsoft.com” ၏ ip address များကို resolve လုပ်ပေး ခြင်းဖြစ်သည်၊ အသုံးပြုပုံ မှာ အင်တာနက် အသုံးပြုစဉ် အင်တာနက် ဆာဗာ တခုခု ကို၊ access လုပ်မရပါက၊ မိမိ ကွန်ပြူတာ အသုံးပြုနေသော DNS ဆာဗာ သည် ၎င်း အင်တာနက် ဆာဗာ ကို reslove လုပ်နိုင် မလုပ် နိုင် ကို အထက်တွင် ဖေါ်ပြ သကဲ့သို့ စမ်းသပ်ကြည့်နိုင်ပေသည်။

C:\Users\admin>nslookup

Default Server:  UnKnown

Address:  192.168.0.1

> server 8.8.8.8

Default Server:  google-public-dns-a.google.com

Address:  8.8.8.8

> microsoft.com

Server:  google-public-dns-a.google.com

Address:  8.8.8.8

Non-authoritative answer:

Name:    microsoft.com

Addresses:  104.43.195.251

         23.100.122.175

         23.96.52.53

         191.239.213.197

         104.40.211.35

> exit

C:\Users\admin>

အထက်ပါ ဥပမာ တွင် မိမိကွန်ပြူတာ DNS အသုံးပြုနေသော ဆာဗာ သည် 192.168.0.1 ဖြစ်သည်၊ သို့သော် ၎င်းဆာဗာ ကို အသုံးပြု ၍ resolve မလုပ်ပဲ၊ DNS ဆာဗာ ip address 8.8.8.8 (Google ၏ public DNS server) ကိုသာ အသုံးပြု၍ “microsoft.com” ကို resolve လုပ်ခြင်း ဖြစ်ပေသည်။  

nslookup command ဖြင့် diagnose ပြုလုပ် ရန်၊ DNS အလုပ်လုပ် ပုံကို သိရှိရန် လိုအပ်ပါသည်၊ TCP/IP protocol ကို install ပြုလုပ်ထား မှသာ၊ nslookup command ကို အသုံးပြု ၍ ရမည်ဖြစ်သည်။

#it #itworld #informationtechnologyworld

Friday, July 1, 2016

ဖုန်းအဟောင်း တစ်လုံးကို အိမ်လုံခြုံရေး ကင်မရာ အဖြစ် ပြောင်းလဲနည်း

ဖုန်းအသစ် တစ်လုံး ၀ယ်လိုက်ပြီးတာနဲ့ ဖုန်းအဟောင်းလေးကို ဘာလုပ်ရမှန်းမသိဖြစ်နေပါသလား။ သင့် ဖုန်းအဟောင်းဟာ သုံးလို့ ရပြီး နောက်ကျော ကင်မရာ ကလည်း ကောင်းနေ သေးတယ် ဆိုရင်တော့ security camera အဖြစ် အကျိုးရှိရှိ ပြောင်းလဲ အသုံးပြုကြည့် ရအောင်။ ဒီလိုသုံးဖို့ အတွက် ဖုန်းနှစ်လုံး လုံးမှာ internet လို ပါလိမ့်မယ်။

အဆင့် ၁ - ဖုန်းအဟောင်း တစ်လုံးမှာ security camera app တစ်ခုကို သွင်းပါ။

ပထမဆုံး အနေနဲ့ သင့်ဖုန်း အတွက် လုံခြုံရေး ကင်မရာ (security camera) app တစ်ခု ရွေးချယ် သွင်းဖို့ လိုပါတယ်။ security camera app အများစုက features တွေ တော်တော် များများ တူပါတယ်။ iOS မှာ ဆိုရင်တော့ Manything လို့ ခေါ်တဲ့ application က အကောင်းဆုံး တစ်ခု ဖြစ်ပါတယ်။


  • - free download ပေးတဲ့ Manything ကို App Store ကနေ ဖုန်းအသစ်ကော အဟောင်းဆီမှာ ထည့်လိုက်ပါ။
  • - ဖုန်းအဟောင်းမှာ ၊ Settings ထဲ ၀င်ပြီး Auto Lock ကို disable လုပ်ပေးပါ။
  • - Manything ကို email address ဒါမှမဟုတ် FB account သုံးပြီး Register (သို့ ) Sign in ၀င်ပါ။
  • - iOS ဖုန်းအဟောင်းကို Camera mode ထားပြီး ဖုန်းအသစ်မှာ Viewer mode ထားပါ။
  • - ကင်မရာက အနီရောင်ခလုတ်ကိုနှိပ်ပြီး live stream စလွှင့်လို့ ရပါပြီ။
  • - ဖုန်းအသစ်မှာဆိုရင်တော့ live stream လွှင့်နေတာက streaming devices စာရင်းမှာ ပေါ်နေပါလိမ့်မယ်။
  • - ကွန်ပြူတာကနေ ကြည့်ချင်တယ်ဆိုရင်တော့ manything.com မှာ sign in ၀င်ပေးဖို့ လိုပါမယ်။

Android အတွက်

Android အတွက်ကလည်း သိပ်မကွာပါဘူး။ ပိုကောင်းတာတစ်ခုက ရွေးချယ်စရာ app တွေ ပိုများတာပါ။ အကောင်းဆုံး တစ်ခု ကတော့ IP Webcam ဆိုတဲ့ app ဖြစ်ပါတယ်။ Free အခမဲ့အနေနဲ့  lite version ရနိုင်ပြီး Pro version နဲ့ သူ့ ရဲ့စွမ်းဆောင်ရည် feature တွေ အကုန် လိုချင်တယ် ဆိုရင်တော့ ၃.၉၉ ဒေါ်လာ သွင်းဖို့ လိုပါတယ်။

IP Webcam app ဟာ local ကော ဒါမှမဟုတ် ကြိုက်တဲ့ နေရာ ကနေ အင်တာနက်နဲ့ live stream လွှင့်နေတာကို ကြည့်ဖို့ အတွက် Ivideon ဆိုတဲ့ cloud video streaming ၀က်ဘ်ဆိုဒ်ကို အသုံးပြု နိုင်ပါတယ်။

  • - IP Webcam ကို Google Play ကနေ ဖုန်းအဟောင်းထဲ သွင်းပါ။
  • - IP Webcam ကို ဖွင့်ပြီး စိတ်ကြိုက် video preference ၊ effect ၊ power management တွေ ချိန်လို့ ရပါတယ်။ အသံ ချည်း ဒါမှမဟုတ် လှုပ်ရှားမှု ချည်းပဲ ရိုက်ကူး ချင်လည်း ရွေးနိုင်ပါတယ်။
  • - Ivideon ကနေ stream လွှင့်မယ်ဆိုရင် register ဒါမှမဟုတ် sign in လုပ်ဖို့ လိုအပ်ပြီး ကိုယ့်ဖုန်းနဲ့  ရလားဆိုတာ compatibility စစ်လို့ ရပါတယ်။
  • - Stream တိုက်ရိုက်လွှင့်ဖို့ အတွက် app အောက်ဆုံးနားမှာ Start server ကို ရွေးပေးပါ။
  • - Stream ကြည့်ဖို့ အတွက်ဆိုရင်
  • - Security camera အဖြစ်ထားထားတဲ့ ဖုန်း အဟောင်းက IP address နဲ့ port နံပါတ်တို့ ကို ရှာပါ။
  • - တခြား ကွန်ပြူတာ၊စမတ်ဖုန်း၊ဒါမှမဟုတ် တက်ဘလက်ကနေကြည့်မယ်ဆိုရင် Web browser ရဲ့ address bar မှာ ဖုန်းအဟောင်းရဲ့ IP address ကို ရိုက်ထည့်ပေးပါ။

အဆင့် ၂ - သင့်ဖုန်းအဟောင်းကင်မရာ ရိုက်ဖို့ အတွက် နေရာရွေးပါ။

Stream စမ်းလုပ်ကြည့်တာ ရပြီဆိုရင် ကိုယ့်စိတ်ကြိုက် နေရာကို ရိုက်ကူးဖို့ အတွက် ဖုန်းကို သင့်တော်တဲ့ နေရာမှာ ထားထားပေးဖို့ လိုပါတယ်။

အဆင့် ၃ - ဖုန်းကို ငြိမ်အောင်ထားပြီး အားသွင်းထားဖို့ လိုပါမယ်။ ဗီဒီယိုကို streaming လွှင့်တာ အား အရမ်းစားပြီး ဖုန်းက တစ်ချိန်လုံး ဖွင့်ထားရမှာ ဖြစ်တဲ့ အတွက် အားသွင်းနိုင်မယ့် နေရာနား ဖြစ်ဖို့ လည်း လိုပါတယ်။ အားသွင်းတဲ့ နေရာနဲ့ ဝေးဝေးမှာ ထားချင်တယ် ဆိုရင် ဆယ်ပေရှည်တဲ့ micro USB ကြိုးကို ၀ယ်ယူ အသုံးပြုနိုင် ပါတယ်။

Ref: Cnet

ဖုန်း​ဘေမရှိတဲ့ Data SIM Card ကို အင်​တာနက်​ Free အသုံးပြုနိုင်​တဲ့ YOUR FREEDOM.apk

Internet connection ကို Free သုံးလို့ရတဲ့ Your Freedom.apk ​လေးပါ။ ကျ​နော့်​မှာရှိ​နေတာကြာပါပြီ။ မစမ်းဖြစ်​တာကတ​ကြောင်း မအားတာကတ​ကြောင်း ဒီ apk ​လေးရဲ့အ​ကြောင်းကိုမသိခဲ့တာပါ။ ခု​တော့ အကြံကုန်​ ဂဠုန်​ဆားချက်​ဆိုတဲ့အတိုင်း ဖုန်း​ဘေမရှိ​တော့တာနဲ့ ဒီ apk ​လေးစတင်​အသုံးပြုလိုက်​တာ ခုမှ​ကောင်းမှန်​သိ​တော့တယ်​ဗျာ။ တကယ်​ကိုအသုံးဝင်​ပါတယ်​။ ကျ​နော်​ ဒီpost နှင့် ဒီ​apk upload တင်​တာကို Your Freedom သုံးပြီးတင်​ထားတာပါ။ download/upload အကုန်​လုပ်​လို့ရပါတယ်​။ ကျ​နော့်​ SIM Card ထဲမှာ ပိုက်​ဆံတစ်​ပြားမှထည့်​မထားပါဘူး။ 0 kyats ပါ။ Ooredoo data card နဲ့သုံးပါတယ်​။ ယုံတမ်းစကား​ပြောတာလည်းမဟုတ်​ပါဘူး။ ကျ​နော်​တို့သူငယ်​ချင်းတ​တွေက​တော့ free သုံး​နေကြပါပြီ။ ခုဒီ post ကိုဖတ်​ပြီး သုံးလို့အဆင်​​ပြေသွားတဲ့သူ​တွေက​တော့ယုံကြမှာပါ။ သုံးလို့အဆင်​မ​ပြေ​သေးတဲ့သူများက​တော့ ဆက်​ပြီးကြိုးစားကြည့်​ကြပါ။ ဒီ Apk ကို​ရေးထားတဲ့ဆရာကြီးကို ဂုဏ်​ယူပြီး​ကျေးဇူးတင်​ပါတယ်​။ ပြီး​တော့ ကျ​နော့်​သူငယ်​ချင်း ya kout ကိုလဲ​ကျေးဇူးတင်​ပါတယ်​။ သူ့​ကြောင့်​ ဒီ post ကို ​ရေးပြီး အားလုံးကို ပြန်​လည်​မျှ​ဝေ​ပေးဖြစ်​သွားတာပါ။ သိပြီးသားသူများက​တော့​ကျော်​သွားပါ။ မသိ​သေးတဲ့သူများ​က​တော့ ဒီpost ကို ​​သေချာဖတ်​ပြီး လုပ်​ကြည့်​ကြပါ။ အသုံးပြုနည်းများကို ​အောက်​မှာပုံနှင့်​တကွ ရှင်းပြ​ပေးထားပါတယ်​။ Apk ကိုလည်း download လုပ်​ယူနိုင်​ပါတယ်​။
အသုံးပြုနည်း >>>>>
>> Apk ကို Download ယူပြီး Install လုပ်​လိုက်​ပါ။ ပြီးရင်​ ဖွင့်​လိုက်​ပါ။ ​ငွေလုံးဝမရှိတဲ့ data card မှ internet ကိုဖွင့်ထားပါ။ အောက်​မှာပြထားတဲ့ပုံအတိုင်း​ပေါ်လာရင်​ configure ကိုနှိပ်​လိုက်​ပါ။ 
>> ပြီးရင်​ General settings >>> language,( system default ) ​နေရာမှာ Burmese လို့သတ်​မှတ်​​ပေးလိုက်​ပါ။ 
>> ပြီးရင်​ apkကို back key နဲ့အားလုံးပြန်​ထွက်​ပြီး ပြန်​ဝင်​လိုက်​ပါ။ ​အောက်​ကပုံအတိုင်း မြန်​မာ language နဲ့မြင်​​တွေ့ရမှာဖြစ်​ပါတယ်​။ (ပြင်​ဆင်​မှုပြုလုပ်​ရန်​) ကိုနှိပ်​ပါ။ 
>> (ဖရီးဒမ်းအ​ကြောင်း) သို့ဝင်​ပါ။ 
>> တက်​လာတဲ့ list ကိုအ​ပေါ်သို့တွန်းလိုက်​ပါ။ >>> (မသိပါကတဆင့်​ချင်းဆီလုပ်​ရန်​) ကိုနှိပ်​ပါ။
>> (ကြိုဆိုပါတယ်​) လို့ပြလာရင်​ အ​ပေါ်က မြှား​လေးကိုနှိပ်​ပြီး ​ရှေ့ကိုပြထားသည့်​မြှားကုန်​တဲ့အထိဆက်​သွားပါ။ 
>> (ဖရီဒမ်းဆာဗာများရှာ​ဖွေခြင်း) များအလုပ်​လုပ်​​နေပါလိမ့်​မယ်​။ ​စောင့်​​ပေးပါ။ 
>> (ရှာ​တွေ့​သောဖရီးဒမ်​ဆာများ) တက်​လာတဲ့အထဲမှ လိုင်းအ​ကောင်းဆုံး ကို​ရွေး​ပေးပြီး အ​ပေါ်ကမြှား​လေးနဲ့ဆက်​သွားပါ။ 

>> (ဂုဏ်​ယူပါသည်​) လို့​ပေါ်လာခဲ့ရင်​ အမှန်​ခြစ်​​လေးကိုနှိပ်​လိုက်​ပြီး home key နဲ့ထွက်​လိုက်​ပါ။
>> noti bar ​ပေါ်မှာတက်​​နေတဲ့ ပိတ်​​နေတဲ့တံခါး​လေးကိုဆွဲချပြီး ဖွင့်​လိုက်​ပါ။>>> ပြီးရင်​ (စတင်​ဆက်​သွယ်​ရန်​) ကိုနှိပ်​ပြီး​စောင့်​​နေပါ။ 
>> noti bar ​ပေါ်မှာ ​​အောက်​မှာပြထားသည့်​အတိုင်း သော့ပုံ​လေးတက်​လာပြီး တံခါး​လေးပွင့်​သွားရင်​ အင်​တာနက်​ကို စတင်​အသုံးပြုနိုင်​ပါပြီ...
မှတ်​ချက်​။ ။ ကျ​နော်​တခုစိတ်​ပူမိလို့ပါ.... ကျ​နော့်​အ​တွေး​ပေါ့..... ဟုတ်​ချင်​မှလဲဟုတ်​မှာပါ။ ဒီ apk ကိုအသုံးပြုတာဟာ internet location ကတခြားနိုင်​ငံ​တွေမှာ​ရောက်​သွားတဲ့အတွက်​​ကြောင့်​ Facebook အသုံးပြုတဲ့အခါမှာ Facebook lock ကျသွားခဲ့မယ်ဆို​ရင်​ ကျ​နော်​ကိုအပြစ်​မတင်​ပါကြပါနဲ့။ facebook account ​တွေဟာ vpn ​ကျော်​လိုက်​ရင်​ lock ကျတက်​ပါတယ်​....
အားလုံးအဆင်​​ပြေကြပါ​စေ.. ..

အတိုးနှုန်း နှင့် စီးပွား ၀င်ငွေ တွက်ချက်နည်း အကြောင်း သိကောင်းစရာ ...




စီးပွါးရေသမား များ အလုပ် လုပ်ရာ တွင် မိမိ လုပ်သော လုပ်ငန်း ဘယ်လောက် အတိုး ကိုက်သလဲ ဆိုတာ ကို ပေသီး ပြန်ခေါက်ကြပါ တယ်။ 

ဥပမာ ၃ ကျပ် တိုးလား? ၅ ကျပ် တိုးလာ? ၁၀ကျပ် တိုးလား? သူများ ဆီ မှ ငွေ မချေးပဲ ကိုယ့် ပိုက်ဆံနှင့် ကိုယ် လုပ်သော်လည်း မိမိ လုပ်ငန်း အတိုး ဘယ်လောက် ကိုက်လဲဆိုတာ လချုပ် နှစ်ချုပ် တွက်ကြပေသည်။ တွက်ဘို့လဲ လိုပါသည် ။  ဒါမှလဲ မိမိ လုပ်ငန်း တိုးတက်မူ့ဆုတ်ယုတ်မူ့ သိနိုင်ပါသည်။

တစ်ချို့ စနစ် မကျသော လုပ်ငန်းရှင်များ က ok ok နဲ့ အချိန် တန်သော် မ ok ဘဲ ပြုတ်သွားပါတော့သည်။ ဘာဖြစ်လို လဲ ဆိုတော့ စနစ်တကျ တစ်လ တစ်ခါ တနှစ် တစ်ခါ စာရင်း မချုပ်လို့ပါ။ စာရင်းပြန်ချုပ်ခြင်း အားဖြင့် အရူံး အမြတ် ကို  ဦးစွာ သိရပါလိမ်မည်။ 

ok မြတ်ပါ တယ်။  နောက် တစ်ဆင့် ဘယ် အတိုးနဲ့ ကိုက်ပါသလဲ? ၂၀ တိုးလောက် ကိုက်ရင် ok ပါတယ်။ ၃ကျပ် တိုး ကိုက်ရင် သိပ်မကောင်းဘူးပေါ့။ ကိုယ်ငွေလို လို့ လှယ်ရင် ရွှေ အပေါင်လေးပေး မှ ၃ကျပ် တိုးနဲ့ ဆွဲလို့ ရမှာကိုး ဒီတော့ ၃ကျပ်တိုး နဲ့ ကိုက်ရင် အရင်း ပဲ အပေါင်ဆိုင် ကို လုပ်ကျွေး လိုက်တာပဲလို့သတ်မှတ် ပါတယ်။ 

အခု နောက်ပိုင်းမှာတော့ ဘဏ်တိုး (ဘဏ်ငွေ အပ်ထားရင် ဘဏ် ကပေးသော အတိုးနှုန်း)  တောင် သိပ် မကိုက်ခြင်ဘူး ဟု ငြီးတဲ့သူများပါသည်။ တစ်ကယ်လဲ အဲ့ဒီလို ဖြစ်နေကြပါသည်။

 မြေကွက် ရောင်းဝယ် လုပ်နေသူ ရဲ့စကား....
သူ ဟိုတစ် လောက နေရာ တစ်ခု မှာ ၈၀×၈၀ မြေကွက် တစ်ကွက် ကို ၂၄၀၀ သိန်း နဲ့ ဝယ်လိုက် ပါတယ်။ အခုခြောက်လ လောက်ကြာ တော့ သိန်း၂၅၅၀ လာပေးပါတယ်။ ကျွန်တော် က " မင်းထောပြီ " ဆိုတော့ "ဘယ် ကထောရမှာတုန်း ရူံးနေတာ" " ဟေ" ဆိုတော့ သူက စိတ်ရှည် လက်ရှည် တွက်ပြပါတယ်။

သူ့မိတ်ဆွေ ဆီမှာ ထားရင် ၁ ကျပ် ၂၅ပြား အတိုး ရကြောင်း သိန်း၂၄၀၀ ကို ခြောက်လ ထားရင် အတိုးရပုံ တွက်ပြပါတယ်။
ပထမလ သိန်း ၂၄၀၀ မှာ ရရှိသော အတိုး သိန်း ၃၀ ရပါတယ်။
ဒုတိယလ သိန်း ၂၄၃၀ မှာ အတိုး သိန်း ၃၀.၃၇ ရပါတယ် ။
တတိယလ သိန်း ၂၄၆၀.၃၇ မှာ အတိုး သိန်း ၃၀.၇၅ ။
စတုထ္တလ သိန်း ၂၄၉၁.၁၂ အတိုး သိန်း ၃၁.၁၃ ။
ပဉ္စမလ သိန်း ၂၅၂၁.၂၅ အတိုး သိန်း ၃၁.၅၁ ။
ဆဋ္ဌမလ သိန်း ၂၅၅၁.၇၆ အတိုး သိန်း ၃၁.၈၉ ။
ခြောက်လ အပ်ပြီး ရရှိမဲ့ တိုးရင်းပေါင်း သိန်း ၂၅၈၃.၆၅ ဖြစ်ပါတယ်။



"အဲ့ဒီတော့ လက်ရှိ ရတဲ့ဈေးက ၃၃ သိန်းလောက် ရူံးနေကြောင်း ဒါတောင် အတိုးနှုန်း ကို ၁ကျပ် ၂၅ပြား နှုန်း နဲ့သာ တွက် ထားကြောင်း တစ်ကယ် လို့ အပြင်မှာ ၃ကျပ် တိုး နဲ့ ယူပြီး ဝယ်ထားတာ ဆိုရင် အရူံး ပြနေပြီ ဖြစ်ကြောင်းရှင်းပြတော့ နားထောင်ရင်း ကျွန်တော် တစ်ကိုယ် လုံး ချွေးတွေ ပြန် လာလို့ သူငယ်ချင်း က တစ်ရူးပေပါ ဆွဲထုတ်ပေး ပြီး " ဟာ မင်း ဘယ်လိုဖြစ်တာလဲ ချွေးတွေ အရမ်းထွက်နေပါလား?
 

သူနဲ့ လမ်းခွဲပြီး အတိုးနှုန်း ရဲ့ လုပ်ငန်းပေါ် အကျိုး သက်ရောက်မူ့ ကို စဉ်းစားရင် ချွေးတွေ ထပ် ထွက်လာပါ တယ်။ လက်လီဆိုင် များ နဲ့ အတိုးနှုန်း ဆိုင်ခန်း တစ်ခန်း ကို တစ်လ ၆သိန်း နဲ့ သိန်း၂၀၀ ရင်းပြီး လက်လီ ဆိုင် ဖွင့်တယ် ဆိုကြပါစို့။

ရောင်းကောင်းကောင်း မကောင်းကောင်း တစ်နေ့ ပုံမှန် ထွက် မဲ့ စားရိတ် တွက်ကြည့် ရအောင် .........
1) မိတ်ဆွေ လုပ်အားခ ကို ၈၀၀၀ သတ်မှတ်ကြစို့
2) အလုပ်သမား နှစ်ယောက် နေ့စားခ 5000×2= 10000ကျပ်
3) ရေဘိုး မီးဘိုး တစ်ရက် 3000 ဘဲ ထားကြစို့
4) ထမင်းဟင်း စားရိတ် 12000 ဘဲ ထားကြစို့
5)ဆိုင်ခန်း ဌားခ တစ်ရက် 20000
6) အရင်း သိန် 200 ကို 3 ကျပ် တိုး နဲ့တစ်ရက်ပေးရမဲ့အတိုး 20000
7) စည်ပင် အမိုက်ခွန် 1000

သာရေး နာရေး ကျန်းမာရေး ပညာရေး စားရိတ်များ ထည့် မတွက်တော့ပါဘူး။ 
မိမိရောင်းတဲ့ ကုန်ပစ္စည်းများ အလေ အလွင့် ထည့် မတွက်တော့ပါဘူး။ 
ဒီ စားရိတ်တွေ က တစ်ယောက်နဲ့ တစ်ယောက် ကုန်ကျစားရိတ် မတူနိုင်ပါဘူး။ ကိုယ့် ဟာကိုယ် ထည့်ပေါင်းကြပါ။
 

အဲ့ဒီတော့ တစ်နေ့ရောင်းကောင်းကောင်း မကောင်းကောင်း မိတ်ဆွေ ရဲ့ ထွက်ငွေ က 74000 ကျပ် ရှိပါတယ်။ ဒီနေ့ မိတ်ဆွေ အရောင်း အဝယ် လုပ် လို့ အမြတ်ငွေ 50000 ဆိုရင် မိတ်ဆွေ 24000 အနှုတ်ပြ သွားပါပြီ။ 

အရောင်း အဝယ် က ဒီနေ့ ကောင်း တယ် မနက်ဖြန် မကောင်းဘူး ဆိုတဲ့သဘော ရှိပါတယ်။ ဒီတော့ လချုပ် နဲ့ပြန်ဖမ်း ရပါတယ်။ ရက် 30 ပဲ သတ်မှတ် ကြစို့။ 

တစ်လ မိတ် ဆွေရဲ့ သေချာ တဲ့ ထွက်ငွေ က 2220000 ကျပ်ပါ။ မိတ်ဆွေ ရဲ့ အမြတ်က သိန်း 40 ဆိုရင် ဒီလ 17.8 မြတ် ပါတယ်။ သာရေး နာရေး ပညာရေး ကျန်းမာရေး မော်တော်ကား ဆီဘိုး  နုတ်လိုက်ရင် ရူံးတောင်
ရူံးမလားပဲ။


တစ်ချို့ လက်လီဆိုင် များ က ပစ္စည်းဈေး ကို % အသေ တင် ရောင်းတဲ့ သူတွေ အတွက် ဖော်မြူလာ ချကြည့် ရအောင်..........

 ဆိုပါစို့ မိတ်ဆွေက ပစ္စည်း အားလုံး ကို 10% တင်ထားတယ်ပေါ့။ မိတ်ဆွေ ထွက်ငွေ ကာဘာဖြစ်ဘို့ မိတ်ဆွေရောင်းရငွေ ဟာ အနဲဆုံး တစ်သိန်း ကို တစ်သောင်းမြတ်တော့ အနဲဆုံး ရောင်ရငွေ က 780000 ဘိုးရှိမှ မိတ်ဆွေ အရင်းရမှာ ဆို တဲ့ အသိလေး ထည့်ထား လိုက်ရုံပါပဲ။ ရှင်းပါတယ်နော်။

 ရွှေ ဝယ်ရောင်း နဲ့ပတ်သက် လို့ပြောကြည့်ရအောင်........
ဆိုကြပါစို့ မိတ်ဆွေ သိန်း210 ရင်းပြီး ရွှေသုံး တုံ ဝယ်လိုက်တယ်ပေါ့ဗျာ။ ရွှေဈေးက တစ်တုံးကို သိန်း70ပေါ့ ။


Aung Siam Gold & Jewellery shop's photo.


 ရွှေ ကစားရင် ရွှေ နဲ့ပဲ အရင်း သတ်မှတ်တာ အရှင်းဆုံး နဲ့ အမှန်ဆုံးပါ။ တစ်ချို့လဲ ယာယီ ဝင်ကစားသူက အရင်း ကို မြန်မာကျပ် သော်လည်း ကောင်း ဒေါ်လာ နဲ့သော်လည်းကောင်း သတ်မှတ်ကြပါတယ်။

1) ရွှေ နဲ့ သတ်မှတ်ရင် ရွှေ 3 တုံး
2) မြန်မာငွေ နဲ့ သတ်မှတ်ရင် ကျပ် သိန်း 210
3) ဒေါ်လာ နဲ့သတ်မှတ်ရင် 1200 ပဲ သတ်မှတ်ကြစို့
 

 ဒေါ်လာ $ 17500
ဒီရွှေ သုံးတုံး ကို အရင်းပြုပြီး အရောင်း အဝယ် လုပ်ရာ တစ်လပြည့် တဲ့ အချိန် မှာ ရွှေဈေး က 780000 ဈေးဖြစ်ပြီး ဒေါ်လာ ဈေး က ၁၂၃၀ ဖြစ်နေသည် ဆိုကြပါစို့ ၊


1) မိတ်ဆွေ လက်ထဲမှာ ရွှေ သုံးတုံး နဲ့ အမြတ်ငွေ ကျပ် 5 သိန်း ဆိုရင် မိတ်ဆွေ သေချာတဲ့ ၅ သိန်း မြတ် သွားပါပြီ။

2) မိတ်ဆွေ လက်ထဲ မှာ ကျပ် 225 သိန်း ငွေသားချည်းပဲ ကျန်တယ် ဆိုရင် မိတ်ဆွေ ငွေသား 15 သိန်း အမြတ်ပြသော် လည်း ရွှေ နဲ့ တွက်ရင် ကျပ် 14 သိန်း အရူံး ပေါ်သွားပါပြီ။

3) မိတ်ဆွေ လက်ထဲမှာ ဒေါ်လာ $ 18200 ကျန်ခဲ့ရင် ဒေါ်လာ အနေနဲ့ ပြောရင် 700 မြတ်သော်လည်း ရွှေ သုံးတုံး နဲ့ ပြန်တွက် ရင် ဒေါ်လာ $ 520 အရူံးပြနေပါပြီ။

4) အတိုးနှုန်း နဲ့ တွက်ရင် 1.25 အတိုး နဲ့တွက်ရင် သိန်း 210 တလ ပြည့်တဲ့ အချိန်မှာ ရမဲ့ တိုးရင်းပေါင်း 21262500 ရမှာပါ။

အတိုးနှုန်း အခြေခံပြီး အမြတ်ပြန်တွက်ကြည့်ကြစို့......

1) ရွှေ အခြေခံတဲ့သူက 2637500  ကျပ်မြတ်ပါတယ်။
2) ကျပ်ငွေ အခြေခံတဲ့သူက 1237500  ကျပ်မြတ်ပါတယ်။
3) ဒေါ်လာ အခြေခံ တဲ့သူက 1487500 ကျပ်မြတ်ပါတယ်။
 

ဒီ အပင်မှာ ရွှေ ဝင်ကစားသူ သုံးဦး လုံး အတိုးပေးစား သူနဲ့ စာရင် ok ပါတယ်။ တစ်ကယ်လို့များ ရွှေဈေး ငွေလွှဲ နှုန်း ဂျွမ်းပြန်ကျ လာရင် အတိုးပေးစား တဲ့သူက ရီနေမှာပါ။ 

ဆိုကြပါစို့ ရွှေဈေး 670000 နဲ့ ဒေါ်လာဈေး 1150 ဖြစ်ခဲ့ရင် ရွှေ ဝင်ကစားသူ သုံးဦး စလုံးမြန်မာကျပ်ပြန် လဲရင် အရူံးပေါ်နေပြီ အတိုးပေးစားသူက စင်ပေါ် ရောက်သွားပါတယ်။ မြန်မာ ကျပ် မာလာတဲ့သဘောပါ။

ဒီ အဖြစ် အပျက် ကနေ "သီအိုရမ်" ထုတ်ကြည့်ရင် ရွှေဈေး  ငြိမ်တဲ့ အကျ ဘက်ကို ဦးတည်နေရင် မြန်မာငွေ မာလာရင် " အတိုးပေးစား" တာ ကိုက်ပါတယ်။ တစ်ကယ်လို့ ရွှေဈေး တက်ရိပ်ပြတဲ့ အချိန် မြန်မာငွေ ပျော့ လာတဲ့ အချိန် မှာ ရွှေ ဝင်ကစားတာ ပိုအကျိုးရှိပါတယ်။
 

အကျိုးအမြတ် က ဘာမှ မဆိုင်ပါဘူး။ ခုန အဖြစ်အပျက် ကနေပြီး ကျပ်ငွေ နှင့် ဒေါ်လာ အခြေခံတဲ့သူ နှစ်
ယောက်က ရွှေသုံးတုံး ပြန် မဝယ် နိုင်သော်လည်း နီးစပ်ရာ ဘဏ်မှာ ပြန်အပ်ပြီး အတိုးနှုန်း လိုင်း ပြန်စီး ရင် ရွှေဈေး အကျ ကို ကျားချောင်း ပြန်ချောင်းပြီး အဝယ် မှန်ရင် ပြန်မြတ်ကြပါသေးတယ်။ ကမာ့္ဘရွှေဈေး
က တက်လိုက် ကျလိုက် အမြဲဖြစ်နေတာကိုးဗျ။


Good will နဲ့ Intellectual property ဘက်တွေမှာ ရင်းနှီ မြှုပ်နှံ့ လုပ်ကိုင် တာဟာ အင်မတန် ကောင်း ပါ တယ်။ နိုင်ငံတော် အစိုးရ ကလည်း အားပေးမှာပါ။

ကမ္ဘာ မှာ ဒုတိယ အချမ်းသာဆုံးဖြစ်တဲ့ မစ္စတာ ဝါရင်း ဘတ်ဖတ် (စာလုံးပေါင်း မှားရင် ခွင့်လွှတ်) ကပြော ပါတယ်။ " သူ ဘယ်တော့မှ ရွှေ မှာ ရင်းနှီးမြူတ်နှံ မူ့ မလုပ်ဘူး လယ်မြေမှာ ရင်းနှီး မြိုတ်နှံရင် အမေရိ ကန် လယ်သမားတွေ အလုပ် ရမည်ပေါ့"

 မြန်မာ့ရွှေပေါ်မှာ အဓိက အကျိုး သက်ရောက်မူ့ ၂ ချက်ရှိပါတယ်။ ကမ္ဘာရွှေဈေး ရယ် မြန်မာ့ ငွေလဲနှုန်း
ရယ် ရှိပါတယ်။ ကမာ့္ဘရွှေဈေး က မည်သူမှ control မရပါ။ သူဟာသူ float ဖြစ်နေမှာပါ။ inflation က
တော့ ကျွန်တော် တို့ ငွေ မာတာပျော့ တာနဲ့ တိုက်ရိုက် ဆက်နွယ်နေပါတယ်လို့ထင်ပါတယ်။ 


ဆရာပြောသလို ကုန်ဈေးနှုန်းဖောင်းပွတဲ့ သဘော က မြန်မာငွေပျော့လို့ ပါ။ အရင် က အစိုးရ ဝန်ထမ်း လစာ တိုးတယ် ဆိုရင်ပဲ အပြင်ဈေးကွက် မှာ ကျွန်တော်တို့ ငွေကပျော့လာ တတ် ပါတယ်။

ဒီ factor တစ်ခု က မြန်မာ့ရွှေဈေး ကို မြင့်စေပါ တယ်။ ဆရာ ပြောသလိုပါပဲ အတိုးနှုန်း ထက်စာရင် အဓိက အကျိုး သက်ရောက်မူ့က infation ပါ။

မျော်လင့်ထားတဲ့ ။ မျော်လင့် မထားတဲ့ ကုန်ဈေးနှုန်း ဖောင်းပွမူ့ ကဖြစ်တတ်ပါတယ်။ ငွေလွှဲနှုန်း ကို ကြိုးချည် ထားနိုင်ပေမဲ့ အများပြည်သူ စားတဲ့ ပြည်တွင်း ဆန်ဈေးနှင့် အခြေခံ စားသောက်ကုန်က မမျှော် လင့်ပဲ ခုန်တက်တာမျိုး ဖြစ်တတ်ပါတယ်။



Aung Siam Gold & Jewellery shop's photo.


ကျွန်တောတို့ အင်ဂျင်နီယာတွေ စက်ပစ္စည်းတွေ နဲ့ လုပ်ငန်း တည် ဘို့လုပ်တဲ့ အခါ ဒီ စက်ပစ္စည်းတွေရဲ့ အရင်းကျေ ကာလ တစ်ခုကို တွက်ရပါတယ်။ 

အဲ့ဒီမှာ ဒီ စက်ပစ္စည်းတွေ ရဲ့ တန်ဘိုးလျှောကျ မူ့ဆိုတာကို ထည့်သွင်း တွက်ချက် ရပါ တယ်။ ဆိုကြပါစို့ စက်အသစ် တန်ဘိုး က ၁၀၀၀ ကျပ် ဆိုပါစို့ နောက်နှစ် မှာ ဒီ စက်က ၉၀၀ ကျပ်ပဲ တန်ပါတယ်။

ဆိုလိုတာ long term investment မှာ အရင်ဆုံး ဦးစားပေး တွက်ရတာ က "အရင်းကျေ ကာလ" တစ်ခု အရင် တွက်ချက် ရပါတယ်။ အဲ့ဒီ ထဲမှာ interest rate က factor အများကြီး ထဲက တစ်ခုပါ။ 

ဆိုလိုတာ long term investment မှာ အဓိက က ဘယ်တော့ အရင်းကျေမလဲ ဆိုတဲ့ မဟာဗျူဟာ ချမှတ်ပြီး နည်းဗျူဟာ များ ဌာန အလိုက်ပြင်ဆင်ရပါတယ်။

တစ်ကယ်တော့ ရေးရင်သာ လွယ်တာပါ။ ကမာ့္ဘ ရွှေဈေး နှုန်းနဲ့ မြန်မာ ငွေ နဲ့ ဒေါ်လာ ချိတ်ဆက် မူ့ နှုန်း ထား က အင်မတန် ဖမ်းရခက်ပါတယ်။ မရိုသေ စကား ဗျ " အရူးမလင် "လုပ်ရတာမှ လွယ်ပါအုံးမယ်။
ဆရာကြီး မဟုတ်ပါဘူးဗျာ အယူအဆ မှားရင် ခွင့်လွှတ်ကြပါ။

ရတနာ ချစ်သူ မိတ်ဆွေများ အားလုံး နှစ်သစ် မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။


စာလည်းတော်တော် ရှည်နေလို့ဒီမှာပဲ သိသလောက် ပြန်လည် ရှင်းလင်းတာ ရပ်ပါရစေ။
မိမိ သိထားတာလေးတွေလည်း ဝင်ရောက်ဆွေးနွေးဖြည့်စွက်ပေးဘို့ ဖိတ်ခေါ်အပ် ပါသည်။

 ကျေးဇူးတင်လျှက်။


 ကျေးဇူးပါ ဆရာ WIn Naing Soe

Thursday, June 30, 2016

EQ နဲ့ IQ အကြောင်း

ကျနော်တို့ ငယ်ငယ်က I.Q ဆိုတဲ့ ဝေါဟာရ တော်တော် ခေတ်စား တာ မှတ်မိသေးတယ်။
I.Q ဆိုတာ Intelligent Quotient ဥာဏ်ရည် ကို တိုင်းတာတဲ့ အညွှန်းကိန်းပေါ့။
 

I.Q မြင့် ရင် ဥာဏ်ကောင်းတယ်ပေါ့ .. စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူ ဆို ရင် I.Q မြင့်တယ်လို့ ပြောကြတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်။ ၁၅ နှစ် လောက်က စပြီး E.Q ဆို တာ ခေတ်စားလာတယ်။

 E.Q ဆိုတာ Emotional Quotient ။ လွယ်လွယ်ပြောရင် မိမိ ရဲ့ စိတ်ခံစားမှု ကို ထိန်း သိမ်းနိုင် တဲ့ စွမ်းရည်။ တနည်း စိတ် ရင့်ကျက်မှု အညွန်းကိန်းပေါ့။ 

ဘာလို့လဲ ဆိုတော့ အောင်မြင်တဲ့ သူတွေ ရဲ့  I.Q ရော၊ E.Q ရော တိုင်းကြည့်တဲ့ အခါ I.Q မြင့်တဲ့ သူတွေထက် E.Q မြင့်တဲ့ သူတွေဟာ ဘ၀မှာ ပို အောင်မြင်တာ တွေ့ရတယ်။
 

ဆိုလိုတာ က ဘ၀မှာ အောင်မြင်ဖို့ ဆိုရင် ဥာဏ်ကောင်းဖို့ ထက် စိတ်ဓါတ် ရင့်ကျက်၊ ခိုင်မာမှု က ပိုအရေး ကြီးတယ်ဆိုတဲ့ သဘောပေါ့ ။

လွန်ခဲ့တဲ့ တစ်ပတ်က Harvard Business Review စာအုပ်ထဲက Daniel Goleman ရေးတဲ့ What makes a Leader? (ဘယ်အရာက ခေါင်းဆောင် ဖြစ်စေသလဲ) ဆိုတဲ့ ဆောင်းပါး ဖတ်ရတော့ E.Q အကြောင်းရေးထားတာ တော်တော် သဘောကျတယ်။ သူက E.Q ဆိုတာ ဘာလဲလို့ ပြောရုံတင် မကဘူး။ E.Q မြင့်အောင် ဘယ်လို လေ့ကျင့်နိုင်တယ် ဆိုတာ ပြေပြ ထားတာ။ အကျဉ်းချုပ် ကို အောက်မှာ ဖတ်ကြည့်ပါ... 



“အဖွဲ့ အစည်းတွေ မှာ သိပ်တော်တဲ့ခေါင်းဆောင်တွေ နဲ့ သာမန် ခေါင်းဆောင်တွေကို ကွဲပြားစေတဲ့ အရာက technical skill အတတ်ပညာ ကျွမ်းကျင်မှု မဟုတ်ပါဘူး..တဲ့။ တကယ်တော့ E.Q လို့ ခေါ်တဲ့  မိမိရဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင် တဲ့ စွမ်းရည်။ 

တနည်း စိတ်ရင့်ကျက်မှုပါ..တဲ့ ။ E.Q မြင့်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ အဖွဲ့ အစည်းတစ်ခု ဟာ တနှစ် ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ ရပါတယ်..တဲ့။ E.Q/E.I (Emotional Intelligence) စိတ် ဓါတ် ရင့် ကျက်မှု အညွန်းကိန်းမှာ ပါ တဲ့ ..စွမ်းရည်တွေ ကတော့ .. 

(၁) Self-awareness; (မိမိ ကိုယ်ကို သိတာ) မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေ။ မိမိ က အပြောအဆို။ အပြု အမူတွေ က သူတပါး အပေါ် ဘယ်လို သက်ရောက်မယ်ဆို တာ ကို သိတာ.. 

(၂) Self-regulation (မိမိကိုယ် ကို ထိန်းသိမ်းနိုင်တာ) (စိတ်ဆိုး၊စိတ် ညစ်၊ဒေါသ ထွက် စရာ တွေရှိ ရင်) မိမိ ကိုယ် ကို ထိန်း ချုပ် နိုင်တာ။ ဒါမှ မဟုတ်.အာရုံပြောင်း နို်င်တာ) 

 (၃) Motivation: စိတ်ပျော်ရွှင်မှု။ စိတ် တက်ကြွ မှု ကို ထိန်းသိမ်းနိုင် တာ. 

(၄) Empathy: သူတပါး ရဲ့ စိတ် ခံစား ချက် ကို နားလည်တာ. 

(၅) Social skill: အခြား သူတွေ နဲ့ ဆက်ဆံရေးကောင်းမွန်၊ယုံကြည် မှု တည်ဆောက်ပြီး ကိုယ် လို ချင်တဲ့ ပန်းတိုင် ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။ 

ကျနော် တို့ အားလုံး မှာ..အဲဒီ စွမ်းရည် ၅ ခု က မွေး ကတဲ က ရှိ ကြပါတယ်..တဲ့ ။ အချို့  စွမ်းရည် တွေမှာ အားနည်း နေတာ၊ အချို့ စွမ်း ရည် တွေမှာ မြင့်နေတာ တော့ ရှိ တတ် ပါတယ် ..တဲ့။ 

အဲ ဒီ စွမ်းရည်တွေ ကို ပိုမို အားကောင်းအောင် လေ့ကျင့် လို့ ရပါတယ်။ လေ့ကျင့်ဖို့  နည်းတွေ ကတော့ ...ဇွဲ ရှိရှိ နဲ့ လ့ကျင့်တာ၊ မိတ်ဆွေတွေ၊ လေ့ကျင့်ပေးတဲ့ ဆရာတွေဆီက ဝေဖန်၊ အကြံပေးမှုတွေ တောင်းခံတာပါ ပဲ..တဲ့။ “

ကျနော် ကိုယ့်ကိုယ် ကို ဆန်းစစ် တဲ့ နည်း ကတော့ စွမ်းရည် တစ်ခုမှာ အမှတ်ပြည့် က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ စဉ်းစားကြည့်တာ။ 

နံပါတ် (၁) စွမ်းရည် မှာ အမှတ် ၄၀ လောက်ပဲ ရနိုင်တယ်ထင်တယ်။ 

နံပါတ်(၂) ကျတော့ အမှတ် ၃၀ လောက်ပဲရှိမယ်။ 

အမှတ် (၄) စွမ်းရည် ကတော့ မဆိုးဘူး။ အမှတ် ၇၀ ထိ ပေးကြည့် ထားတယ်။ 

အမှတ် (၃)  နဲ့ (၅) ကတော့  ၅၀ ကျော်၊ ၆၀ လောက်ရှိ မလားမသိဘူး။ ကျနော် ကတော့ ကိုယ့်မှာ အားနည်း နေတဲ့ ပထမ ၂ ခု self-awareness နဲ့ self-regulation ကို လေ့ကျင့်နေတယ်။

 တော်တော် အကျိုး ရှိတယ်ဗျ။ မိတ်ဆွေ တွေ၊သူငယ်ချင်းတွေလဲ ဘယ်ဟာတွေ လေ့ကျင့် ကြ မလဲ။


E.Q ကောင်းအောင်......
ကျနော် E.Q အကြောင်း ရေးတဲ့ စာ ပေါ်မှာ comment တစ်ခုရေးထားတာ ဖတ် ရတယ်။ ဘာရေးထားသလဲ ဆိုတော့ ..”   သဘောကတော့ E.Q ပဲကျင့်လို့ ရတယ်။ I.Q နိမ့်ရင်တော့ ဘာမှလုပ်လို့ မရဘူးပေါ့နော်”..တဲ့ ။ စိတ်ဝင်စားစရာ ကောင်းတဲ့  comment လေးဗျ ။ 

သူပြောမှ I.Q အကြောင်း ဆက်တွေး မိလို့ ရေးထားတာပါ... ကျနော်တို့ က I.Q လို့ ဆို ရင် ကျောင်း မှာ စာတော်တာ၊ ကျောင်းသင် ဘာသာရပ် မှာ ထူးချွန်တာ နဲ့ ပဲ ဆက် စပ်တွေးလေ့ ရှိကြတယ်။ 

I.Q ကောင်းတဲ့ သူလို့ ပြောလိုက်ရင် ကျနော် စမြင်တဲ့ သူက အိုင်းစတိုင်း ပေါ့။ ဥာဏ် ကြီးရှင် ကြီးပေါ့ ။ ဘောလုံး မှာ အင်မတန် ထူးချွန် တဲ့ပီလီ တို့ ၊ အခု ခေတ် ဆို မက်ဆီ တို့ ။ ဂီတ မှာ ကမ္ဘာကျော်တဲ့  မိုက်ကယ်ဂျက်ဆင် တို့ ၊ မက်ဒေါနား တို့  ကို I.Q နဲ့ ဆက်စပ်ပြီး မတွေးဖြစ်ဘူး။ 

တကယ်တော့ သူတို့ လဲ I.Q မြင့့်  တဲ့ သူတွေပဲ။ ဘာလို့ လဲ ဆိုတော့  Intelligence ဥာဏ်ကောင်း တယ်၊ တနည်း စွမ်းဆောင်ရည် ကောင်းတယ် ဆို တာ ခွဲ ခြမ်း စိတ် ဖြာနိုင် တဲ့ ဥာဏ် စွမ်းရည် (Analytical Intelligence) တခု ထဲ မဟုတ်ဘူးတဲ့။ 

Intelligence ဥာဏ် စွမ်းရည် မှာ အနဲ ဆုံး ၇ မျိုးလောက်တောင် ရှိသတဲ့။ ဆရာ ကို တာ ရေးတဲ့  “ဖြန့် ထွက်တွေးခြင်း နဲ့ အခြားစာတန်းများ “ စာအုပ်ထဲ က Howard Gardner ရဲ့ Theory of multiple Intelligence ကို ကိုးကားပြီး ရေးထားတဲ့ စာပုဒ်ကို ဖတ် ကြည့် စေချင်တယ်..

“ဟိုးဝဒ်ဂါဒနာ ဟူသော ဟားဘတ် ပညာကျောင်းမှ ပါမောက္ခ ကြီးက တိုင်းတာလို့ ရသော ဥာဏ်စွမ်းရည် (၇) မျိုး ရှိသည်ဟု ပြောကြားကြောင်း၊

ထို ခုနှစ်မျိုးမှာ......
၁။ ပထမ တစ်မျိုးမှာ ခွဲခြမ်း စိတ်ဖြာနိုင်စွမ်းရည် (Analytical Intelligence) ဖြစ်ပြီး စာမေးပွဲများ ၊အိုင်ကျူများနှုင့် တိုင်းတာကြောင်း။

၂။ဒုတိယ တစ်မျိုး မှာ ပုံဖော်နိုင် စွမ်းရည် (Pattern Intelligence) ဖြစ်ပြီး အရာဝထ္တု များ၏ သဏ္ဍန်ကို သိခြင်း၊ ပုံသဏ္ဍန်ကို တီထွင်နိုင်ခြင်းများဖြစ်ကြောင်း။ သချာင်္ပညာရှင်များ၊ ကွန်ပျုတာ ပရိုဂရမ်များ၊ အနုပညာရှင်များ ရှိသော စွမ်းရည်မျိုးဖြစ်ကြောင်း။ 

သူတို့မှာ ပုံဖော် စွမ်းအင်၌ စွမ်းရည်မြင့်မားလှသော်လည်း သာမန်အတန်းတင် စာမေးပွဲများ၌ ကျနိုင်ကြောင်း၊

၃။တတိယ တစ်မျိုးမှာ ကာယစွမ်းရည် (physical intelligence) ဖြစ်ပြီး ဘောလုံးသမားများ ၊ရေကုးသမားများ၊ဂေါက်သမားတို့တွင် ရှိတတ်၍ သူတို့တွင် အခြားစွမ်းရည် ရှိချင်မှ ရှိမှာ ဖြစ်ကြောင်း။

၎။ (Musical intelligence)-ဂီတ အနုပညာစွမ်းရည်..

၅။ပဉ္စမ တစ်မျိုးမှာ လက်တွေ့စွမ်းရည် (Practical Intelligence) ဖြစ်ပြီး တီဗွီတစ်လုံးကို လမ်းညွှန်လွှာ မပါပဲ ဖြုတ်၍ ပြန်တပ်နိုင်သော စွမ်းရည်တစ်မျိုး ဖြစ်ကြောင်း၊ အစိတ်အပိုင်း နာမည်ကို ခေါ်တတ်ချင်မှ ခေါ်တတ်မှာ ဖြစ်ကြောင်း။

၆။ဆဌမ တစ်မျိုးမှာ ခံစား သိနိုင်စွမ်းရည် (Intrapersonal Intelligence) ဖြစ်ပြီး ငြိမ်ငြိမ် သက်သက် နေတတ်၊မျှဝေခံစားတတ်၍ ကဗျာဆရာများ၊အတိုင်ပင်ခံ (Counsellors) များ ဖြစ်လာတတ်ကြောင်း။

၇။သတ္တမ တစ်မျိုးမှာ သဟာယ စွမ်းရည် (Interpersonal Intelligence) ဖြစ်ပြီး အများနှင့် လုပ်တတ်၊နေတတ်၊ ကိစ္စပြီးမြောက်အောင် ဆောင်ရွက်တတ်သော မန်နေဂျာ များတွင် ရှိရ မည့် စွမ်းရည်မျိုးဖြစ်ကြောင်း။”

ဆရာ ကိုတာ ရဲ့ စာအုပ်ထဲမှာ ပဲ ဆက်ရေးထားတာ က..” ချားလ်စ်ဟန်ဒီ က ၂၁ ရာစု မှာ ကျောင်းသားတွေ ရဲ့ စွမ်းရည် ကို ခွဲခြမ်း နိုင်တဲ့ စွမ်းရည် (Analytical Intelligence) တစ်ခု ထဲ (စာမေးပွဲ တစ်ခု တည်း) နဲ့  ဆန်ကာချ နေတဲ့ ကိစ္စ ကတော့  တယ် မနိပ်လှ ဘူး ဟု ပြောပါ သည် “ တဲ့ ။

အဲဒီ စာကနေ ကျနော် ဆက် တွေး ကြည့် မိတယ်။ ...ကိုစိုးသူတို့ ၊ ဖြူဖြူကျော်သိန်း တို့ ၊ ဆရာမ ဂျူး ၊ဆရာ ဖေမြင့်တို့ ဆရာ ၀န် တွေ ပေမယ့် သူတို့ ရဲ့ Intelligence က အနုပညာ ဖန်တီး တဲ့ ဘက်မှာ အားသန်တော့  အဲဒီ ဘက်မှာ မြှုပ်နှံ လုပ်ကြတော့ နိုင်ငံကျော် အနုပညာရှင် တွေ။ 

စာပေ ပညာရှင်တွေ အဖြစ် အောင်မြင် ထူးချွန် နေကြတာနေမှာ ..လို့ ။ ဆရာ မောင်စိန်ဝင်း(ပုတီကုန်း)၊ ဆရာ အော်ပီကျယ်တို့  ဆိုရင် အင်ဂျင်နီယာတွေပါပဲ။ သူတို အားသန် တဲ့  စွမ်းဆောင် ရည် Intelligence ကို ရှာတွေ့  ပြီး အဲဒါကို ဖွံ့ ဖြိုး အောင် လုပ်ခဲ့ ကြလို့သာ အောင်မြင်ကြတာ..လို့ ။

တကယ်တော့ ကျနော် တို့ မှာ မွေးကတည်း က ကိုယ်အားသန်တဲ့ Intelligence ဥာဏ် စွမ်းဆောင်ရည် လို့ ခေါ်တဲ့  ” ဇ “လေးတွေ ပါလာပုံရတယ်။ ကိုယ်ရဲ့ Intelligence က ဘာလဲ ဆိုတာ မြင်အောင် ကြည့် ပြီး ဖွံ့ ဖြိုး အောင် လေ့ကျင့် နိုင် ရင် ထူးချွန် အောင်မြင် သူတွေ ဖြစ် လာမှာပဲ။ 

ကျနော့ မိတ်ဆွေ၊ သူငယ်ချင်း တို့ ရော ..ဥာဏ်စွမ်းရည် (၇) မျိုး ထဲက ကိုယ်ရဲ့  တကယ့် စွမ်း ရည် ဟာ ဘယ်ဟာဖြစ် မယ်ထင်သလဲ။ ကိုယ့် ညီ၊ညီမတွေ။ သား၊သမီးတွေမှာလည်း သူတို့  ရဲ့  Intelligence က ဘာဖြစ်မယ်ထင် သလဲ။ 

အဲဒီ Intelligence ကို ဖွံ့ ဖြိုး အောင် လုပ် ပေး ဖို့  က ထူးချွန် အောင် မြင် ဖို့ အတွက် အရေးကြီးတယ် မဟုတ်လား ဗျာ...


 ဒေါက်တာ အောင်မျိုး